Headlines News :
Home » , » ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပြန်ခေါ်ဖို့ သမ္မတကို အိတ်ဖွင့်ပေးစာ ပို့ 

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပြန်ခေါ်ဖို့ သမ္မတကို အိတ်ဖွင့်ပေးစာ ပို့ 

Written By လွင့်မောင်မောင် on Saturday, July 7, 2012 | 3:31 PM

by FNG on July 7, 2012 Brigadier_General_Kyaw_Zaw

မြန်မာ့ လွပ်လပ်ရေး ကြိုးပမ်းမှု တွင်  ဦးဆောင်ခဲ့ သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပြည်တွင်းကို ပြန်လည် ဖိတ်ခေါ်သင့်တဲ့အကြောင်း ပြည်သူ့ရဲဘော်အဖွဲ့   ချုပ် အထွေထေ အတွင်းရေးမှူးဟောင်း ကိုးကိုးကျွန်းပြန် ဦးမျိုးထွဋ်က သမ္မတ ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ ပေးပို့  ခဲ့ တယ်လို့  FNG ကို ပြောပါတယ်။

ဗိုလ်မှုးချုပ် ဟောင်း ကျော်ဇောဟာ  ဗမာပြည်ကွန်မြူနစ် ပါတီ ရဲ့  ခေါင်းဆောင် တစ်ဦး အဖြစ် နဲ့  အစိုး ရ ငြိမ်းချမ်းရေး ဖော် ဆောင် ရေး ဆွေး နွေး ပွဲ တွေ မှာ ကမ်းလှမ်း ဖို့  ၊ အသက် အရွယ် ကြီးလှ ပြီ ဖြစ် တဲ့ အတွက် ခေါင်းချ ရင် တောင် နိုင်ငံ တွင်း မှာ ပဲ ခေါင်းချ ဖို့  ကို စဉ်းစား ပေး ဖို့  ဦးမျိုး ထွဋ် က သမ တ ကို ပေး ပို့  တဲ့ အိတ် ဖွင့် ပေးစာ မှ တိုက် တွန်းထား ပါတယ်။ ရဲဘော်သုံး ကျိပ် ၀င် ဗိုလ်မှုးချုပ် ဟောင်း ကျော်ဇော် ဟာ အခုတော့ လာအို နိုင်ငံ မှာ နေထိုင် လျှက် ရှိပါ တယ်။ ပြည်ပ အသံ လွှင့် ဌာန ရဲ့  ရေဒီယို အစီအစဉ် တစ်ခု မှာ ပရိသတ် တစ်ဦး က ဒေါ်အောင်ဆန်းစုကြည် ကို ဗိုလ်မှုးချုပ် ဟောင်း ကျော် ဇော ကို နိုင်ငံ တွင်း ပြန်လာ နိုင် ဖို့  ကြိုး ပမ်း မှု ရှိ ၊ မရှိ မေး မြန်း တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်က ကျွန်မ တို့  တစ်ဦး တစ်ယောက် အတွက် လုပ်နေတာ မဟုတ် ဘူး ဟု ပြန် လည် ဖြေကြား ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင် ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဗိုလ်မှုးချုပ် ဟောင်း ကျော် ဇော သည် ရဲဘော် ရဲဘက် ဖြစ်ပြီး ရဲဘော် သုံး ကျိပ် အဖွဲ့  ၀င်များ လည်း ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template