Headlines News :
Home » » ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့်တွေဆုံ

ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့်တွေဆုံ

Written By လွင့်မောင်မောင် on Monday, July 2, 2012 | 10:56 AM


ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁၀ သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။ ယခုလက်ရှိတွင် နှောင့်နှေးကြန့် ကြာမှုများရှိနေသော နိုင်ငံကူးလက်မှတ် မူဝါဒအားပြောင်းလဲ မရှိသေးသော်လည်း အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ တို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ၃ ဦးက မီဒီယာများနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အားဖြည့်တင်းရန်စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတုကိုင်ဆောင်ထားသူများတွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မများဖြင့် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနခန်းမတွင် ဇူလိုင်(၁)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံကြခြင်းဖြစ်သည်။

Popular Myanmar News Journal


ဓါတ်ပုံ - Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template