Headlines News :
Home » » သျှမ်းတပ်ဖွဲ့ သည်းခံပြီး တပ်ဆုတ်ပေးရန် ဦးသိန်းဇော်မေတ္တာရပ်ခံ

သျှမ်းတပ်ဖွဲ့ သည်းခံပြီး တပ်ဆုတ်ပေးရန် ဦးသိန်းဇော်မေတ္တာရပ်ခံ

Written By လွင့်မောင်မောင် on Wednesday, July 4, 2012 | 7:23 PM




အပစ်ရပ်၍ ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်ထိုး စစ်ဆင်မှုအရှိန်မြင့်လာနေသည့်အပေါ် တိုက်ပွဲများရပ်တန့်နိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မတီများကြိုး ပမ်းနေချိန် သျှမ်းတပ်များအနေဖြင့် သည်းခံပြီးတပ်ဆုတ်ပေးပါရန် ဒုဥက္ကဌ ဦးသိန်းဇော်က မေတ္တာရပ်ခံထား သည် ဟုဆိုသည်။

SSPP_soldier
SSPP/SSA တပ်သားများ
“ကျနော်တို့အနေနဲ့ လူထုအကျိုးစီးပွားငဲ့ညာပြီး အစိုးရတပ်အနေနဲ့ အင်အားဖြည့်ပြီး ကျနော်တို့ကိုတိုက်ခိုက် နေတာတွေရပ်ဖို့ သမ္မတဦးသိန်းစိန်ကို နှစ်ရက်နေ့တုန်းက စာရေးထားတယ်။ အဲဒီအပေါ် သမ္မတက တစုံတရာ ဖြေကြားလာတာမရှိသေးဘူး၊ ကိုယ်စားလှယ်တော်ကြီးဦးသိန်းဇော် ဘဲ ကျနော်တို့ကို တပ်ဆုတ်ပေးဖို့ ပြော လာတာ” - ဟု သျှမ်းပြည် တပ်မတော် ပြောခွင့်ရဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဂျူလိုင် ၃ ရက်နေ့ မွန်းလွဲပိုင်း၌ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော်က အစိုးရနှင့် သျှမ်းပြည်တပ်မတော်တို့အကြားဖြစ်ပွားသောတိုက်ပွဲကြောင့် သျှမ်းပြည်တပ် မတော် SSPP/SSA အနေဖြင့် ဖြန့်ကျက်ထားသောတပ်များရုပ်ပေးရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ဆို၏။

ဦးသိန်းဇော်မေတ္တာရပ်ခံချက်ကြောင့်လည်းကောင်း၊ စိုက်ချိန်ပျိုးချိန်၌ လယ်ယာပစ် ထွက်ပြေးတိမ်း ရှောင် နေရသည့်ကျေးလက်လူထုအပေါ် ငဲ့ညှာခြင်းကြောင့်လည်းကောင်း၊ သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မြောက်ဘက် မိုင်းအောက်ကျေးရွာအုပ်စုရှိကောင်းမိုင့်ဟုန်းစခန်း၊ တန့်ယန်းမြို့နယ်နမ့်လောင်းကျေးရွာအုပ်စု ရှိ ၇ မိုင် တပ်စခန်းများအား တပ်ရုပ်ပေးရန် SSPP/SSA ဗဟိုကော်မတီ ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

“ပြည်သူ့အကျိုးစီးပွားကိုငဲ့ညှာတာတစ်ကြာင်း၊ ငြိမ်းချမ်းရေးမပျက်ပြားစေချင်တာတစ်ကြောင်းပေါ့၊ အဲဒါ ကြောင့် ကျနော်တို့အနေနဲ့ မိုင်းရှူးမြို့ထဲမှာရှိတဲ့ တပ်စခန်းတချို့၊ တန့်ယန်းမြို့နယ်အတွင်း တပ်စခန်းအချို့ ရုပ်ပေးဖို့ ဆုံးဖြတ်ချက်ချရတာပါ။ ခံတပ်ကြီးတွေတော့မဟုတ်ဘူး၊ တိုက်ပွဲကြောင့်လဲ နှစ်ဘက်အကျ အဆုံးများနေတယ်လေ။ သို့သော်လည်း ဗမာ့တပ်မတော်ဘက်က ဘယ်လိုတုန်ပြန်မလဲ၊ ဆုတ်ခွါမလား တပ်တိုးချမလားစောင့်ကြည့်နေတယ်” - ဟု ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ယမန်နေ့ ဂျူလိုင်လ ၃ ရက်နေ့က တန့်ယန်းမြို့နယ် နမ့်လောင်းအုပ်စု၌ဖြစ်ပွါးသော တိုက်ပွဲ၌လည်း မြန်မာအစိုးရဘက်မှ ၅ ယောက်ကျကြောင်း သျှမ်းပြည်တပ်မတော်နှင့်နီးစပ်သည့် ကုန်သည်တဦးက လည်းပြောသည်။

“မနေ့က တိုက်ပွဲမှာမှ မြန်မာစစ်တပ်ရဲ့ လူသေအလောင်း ၅ လောင်း သျှမ်းတပ်ဖွဲတွေ့ရတယ်။ အဲထဲမှာ ဗိုလ်တယောက် ဗိုလ်ကြီးတယောက်ရဲ့အလောင်းပါတယ်။ ကျောပိုးအိတ်အလုံး ၂၀ ၊ လက်နက်တချို့နဲ့ စကားပြောစက်တွေ သျှမ်းတပ်ဖက်က သိမ်းဆည်းရမိတယ် လို့သိရတယ်” ဟု ၎င်းက ဆက်လက်ပြောပြ သည်။

သျှမ်းပြည်တပ်မတော်သည် မြန်မာအစိုးရ နှင့် ယခုနှစ်ဆန်းပိုင်းက အပစ်ရပ်ဖို့ရန်သဘောတူ၍ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်အဖွဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template