Headlines News :
Home » , » သျှမ်းပြည် (မြောက်ပိုင်း) ရဲစခန်းတခု အား KIA ၀င်စီး

သျှမ်းပြည် (မြောက်ပိုင်း) ရဲစခန်းတခု အား KIA ၀င်စီး

Written By လွင့်မောင်မောင် on Friday, July 6, 2012 | 6:01 PM





သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် ရေပူရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခန့် က KIA တပ်ဖွဲ့မှ စီးနင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

KIA တပ်ဖွဲ့မှ အဆိုပါရဲစခန်းအား သိမ်းပိုက်ရန် ၀ိုင်းရံစဉ် စခန်းအတွင်းရှိ ရဲတပ်သားများ တရုတ်နယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင် သွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


“ရေပူရွာ ရဲစခန်းပေါ့ KIA က ရဲစခန်းကို သိမ်းဖို့လာဝိုင်းတော့ ရဲတွေအားလုံး တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားတယ်၊ ပစ်ခတ်မှု တော့မဖြစ်ဘူး၊ ဒီအတိုင်းတက်သိမ်းသွားတာ ” ဟု ဒေသခံက ဆိုသည်။

အဆိုပါရဲစခန်းအတွင်း ရဲတပ်သား ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရပြီး ယမန်နေ့ ညနေပိုင်းကလည်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အလွန် နမ့်အွန်ရွာအနီးတွင် အစိုးရစစ်ယာဉ်တန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အစိုးရ တပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template