Headlines News :
Home » » တပ်မတော်သား ကိုယ်စားလှယ်များ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဒုသမ္မတ တစ်ဦး တင်မြှောက်ရမည်

တပ်မတော်သား ကိုယ်စားလှယ်များ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဒုသမ္မတ တစ်ဦး တင်မြှောက်ရမည်

Written By လွင့်မောင်မောင် on Thursday, July 5, 2012 | 10:44 AM

ရန်ကုန်၊ ဇူလိုင် ၎
The Voice Weekly
   
ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင်လ ၁ ရက်နေ့က ရာထူးမှ နှုတ်ထွက်ခွင့် ပေးရန် နှုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ လစ်လပ်နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တင်မြှောက်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ယနေ့ ကျင်းပနေသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ညွှန်ကြားကြောင်း ပြည်ထောင်စု လွှတ်တော်တွင် တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


ယနေ့ မွန်းလွဲ ၁နာရီခန့်က စတင်ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယကက ဒုတိယ သမ္မတ ရာထူးနေရာ လစ်လပ်ခြင်းနှင့် စပ်လျဉ်းသည့် သမ္မတကြီး၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရန် ရှိကြောင်း ကြေညာသည့် အစီအစဉ်တွင် ပြည်ထောင်စု လွှတ်တော် နာယကက ယင်းသို့ ညွှန်ကြားခြင်း ဖြစ်သည်။

ယင်းအပြင် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် အမှတ် (၁/ ၂၀၁၂) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်း၍ အတည်ပြုပေးရန် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တစ်ဦးက အဆိုတင်သွင်းခြင်း၊ နိုင်ငံတော် သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/ ၂၀၁၂) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်းသည့် အဆိုကို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာခြင်း စသည် တို့ကိုလည်း ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလျက် ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အစိုးရသစ်တွင် ဒုတိယသမ္မတများ အဖြစ် သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့က စတင် တာဝန်ယူ ခဲ့ကြသည်။ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက သမ္မတလောင်းနှင့် ဒုတိယ သမ္မတလောင်းအဖြစ် အဆို တင်သွင်းခဲ့ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၂) ဆင်း ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်တွင် သီဟသူရဘွဲ့ကို ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး (၁) အဖြစ် ဖြစ်လာသည်။ ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်နေ့တွင် ဒုတိယ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ၎င်းသည် ၁၉၅၀ မေလ ၂၉ ရက် နေ့တွင် မွေးဖွားခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template