သစ်ထူးလွင်
UNICEF သံတမန် နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် ယနေ့နံနက် ၁၁
နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်ရှိ ရွှေကျင်ဓမ္မရုံတွင်
ရတနာ့မေတ္တာအဖွဲ့မှ စောင့်ရှောက်ထားသော ကလေးငယ်များ၊ အဖွဲ့တာဝန်ရှိသူများ၊
ဆရာဆရာမများနှင့် တွေ့ဆုံခဲ့သည်။
မိနစ် ၄၀ ၀န်းကျင် တွေ့ဆုံပြီးနောက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်တွင်
ကုန်သည်ကြီးများဟိုတယ်သို့ ခေတ္တအနားယူရန် ပြန်လည်ထွက်ခွာသွားသည်။
ဂျက်ကီချန်းသည် ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ ဆီဒိုးနားဟိုတယ်မှ
တံတားဦးလေဆိပ်သို့ ထွက်ခွာပြီး မန္တလေးမှ ရန်ကုန်သို့
ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day News Journal
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago