Headlines News :
Home » » ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့

ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့

Written By လွင့်မောင်မောင် on Saturday, July 7, 2012 | 11:24 PM

ဗကသ ကျောင်းသားများ ထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် သန်းခေါင်ယံ သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
0 Comments - 07 Jul 2012
၊ ဂျူလိုင်လ ၇၊ ၂၀၁၂




ဇူလိုင်လ (၇) ရက်နေ့ ည ၉နာရီခန့်တွင် ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ဇူလိုင်လ (၉) နာရီခွဲခန့်၌ ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။


"သူတို့ပြောတာကတော့ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလိုပွဲမျိုးတွေကို လုပ်ခွင့်မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ကို ခေါ်ယူ ထိန်းသိမ်းတယ်လို့ မပြောဘူး။ ခေါ်ယူဆွေးနွေးတာလို့ပဲ ပြောတယ်။ ဒီပွဲအတွက် ခေါ်ယူဆွေးနွေးတာ။ ပွဲပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့တော့ အာမခံချက်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မနက် ၃ နာရီလောက်အထိ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးတာတွေ လုပ်တယ်။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေ လုပ်တာပါ"ဟု ထိန်းသိမ်းခံရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုစည်သူမောင်က ပြောပါသည်။

"ကျွန်မတို့ကို စစ်ဆေးတာကတော့ ဒီ 7 July ပွဲအတွက် ဘယ်အချိန်ကတည်းက စ စီစဉ်ခဲ့တာလဲ။ ဘယ်နေရာတွေမှာ စီစဉ်ခဲ့တာလဲ။ အဲဒါမျိုးတွေ မေးတယ်။ ကျွန်မကိုယ်တိုင်တောင် အတိအကျ မမှတ်မိဘူး။ ကျွန်မတို့လည်း ယေဘူယျသဘောလောက်ပဲ မှတ်ထားတာရှိတယ်။ ခေါ်ယူဆွေးနွေးတယ်ဆိုပေမယ့် ကျွန်မတို့ကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး ဘေးမှာ ထောက်လှမ်းရေးက ၅ ယောက်လောက် ရှိတယ်။ အမျိုးသမီးတွေပါပဲ။ ခေါ်ယူဆွေးနွေတယ်ဆိုပေမယ့် တကယ်က ဖမ်းဆီးထိန်းသိမ်းတာပါပဲ။" ဟု ထိန်းသိမ်းခံရသော ကျောင်းသူတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါသည်။
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ),88 Generation studients,Eleven media group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template