Headlines News :
Home » » အသက်မပြည့်သေးသော တပ်သားသစ်များကို လွတ်မြောက်ခွင့်ပြုရန် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ်အား ၁၈ လအတွင်းအပြီး အကောင်အထည် ဖော်မည်

အသက်မပြည့်သေးသော တပ်သားသစ်များကို လွတ်မြောက်ခွင့်ပြုရန် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ်အား ၁၈ လအတွင်းအပြီး အကောင်အထည် ဖော်မည်

Written By လွင့်မောင်မောင် on Wednesday, July 4, 2012 | 8:02 PM

Wednesday, 04 July 2012 15:45

5146 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ ကာကွယ်ရန်နှင့် အသက်မပြည့်သေးသော တပ်သားသစ်များကို လွတ်မြောက်ခွင့်ပြုရန် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ် အား သဘောတူစာချုပ် အသက်ဝင် ချိန်မှ ၁၈ လအတွင်း အပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိ က ပြောကြားခဲ့သည်။
အဆိုပါ သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ပြင်ဆင်ချိန် ၄၅ ရက် သတ်မှတ်ခဲ့ပြီး ပြင်ဆင်ချိန် ပြီးဆုံးသည့်ရက်မှစ၍ ၁၈ လအတွင်းအပြီး တစ်နိုင်ငံလုံးတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“၁၈ လအတွင်းအပြီး လုပ်ဆောင်သွားမယ်ဆိုတာက တပ်မတော်အတွင်း မှာရှိတဲ့ ကလေးစစ်သားတွေကိုပဲ ရည်ညွှန်းတာပါ၊၊ ၁၈ လကျော်လို့မှ တပ်မတော် က ကလေးစစ်သား ဆက်စုဆောင်း နေမယ်ဆိုရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာတော့ စီးပွားရေးပိတ်ဆို့မှုတွေလည်း ရှိလာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တပ်မတော်အပါအ၀င် မြန်မာနိုင်ငံ၌ ကလေးစစ်သားများ စုဆောင်းအသုံးပြုသော အဖွဲ့ရှစ်ဖွဲ့ခန့်ရှိပြီး ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာစစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်- ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ်(SSA) တောင်ပိုင်းနှင့် ‘၀’အမျိုးသားတပ်မတော်တို့ ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့များ တွင် ကလေးစစ်သားဦးရေ မည်မျှရှိသည်ကိုမူ အတိအကျ မသိရှိသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရေအတွက် မြင့်မားနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ဆိုသည်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(ယူနီဆက်)အနေဖြင့်  ၂၀၀၇ ခုနှစ်မှ ယခုလက်ရှိအချိန်ထိ တပ်မတော် ထဲမှ ပြန်လည်ထုတ်ပေးခဲ့သော ကလေး စစ်သားဦးရေမှာ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
စစ်သားစုဆောင်းရာတွင် တပ်မတော်ဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စုဆောင်းခြင်းမပြုသည့် အရာရှိ နှင့်အခြားအဆင့် ၂၀၁ ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အရွယ်မရောက် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် လက်မှတ်ရေးထိုးပွဲတွင် ပြောဆိုကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template