By mmweather.ygn, on July 16th, 2012
ဇူလိုင်လ ၁၆ ရက် မြန်မာစံတော်ချိန်
နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ လေဖိအားနည်းဆဲလ် 91W သည်
ပိုမို အားကောင်းလာပြီး၊ လေဖိအားနည်း ရပ်ဝန်း 08W အဖြစ်သို့ ရောက်ရှိလာကာ
အပြည်ပြည်ဆိုင်ရာ အမည် EIGHT ဟု ယာယီပေးထားပြီး ဖြစ်ပါသည်။နောက်ဆုံးရရှိသည့် NRL data များ အရ လေဖိအားနည်း ရပ်ဝန်း 08W (EIGHT) သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေပြီး လာမည့် ၁၂ နာရီအတွင်း(ဇူလိုင် ၁၆ ရက် မြန်မာစံတော်ချိန် ညနေပိုင်း)တွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း TSR မှ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။
လေဖိအားနည်း ရပ်ဝန်း 08W(EIGHT) သည် တရုတ်ထိုင်ဝမ်ကျွန်း(တိုင်ပေမြို့) အရှေ့တောင်ဘက် ၁၀၂၅ မိုင်ခန့်၊ ဂျပန်နိုင်ငံ ကျူးရူးကျွန်း (ကာဂိုရှီးမားမြို့) တောင်-အရှေ့တောင်ဘက် မိုင် ၇၃၀ ခန့်တွင် ဗဟိုပြုနေပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ လာမည့် ၄၈ နာရီနောက်ပိုင်းတွင် ကိုရီးယားကျွန်းဆွယ် တောင်ပိုင်းမှ ကုန်းတွင်းသို့ ဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။
08W EIGHT – 16 Jul 2012 0000Z
Location: 23.1 137.7
Winds: 30 knots
Central Pressure: 1000 hPa
08W (UNNAMED) is expected to continue moving west-northwest to northwestward for the next 24 hours…turning more north-nothwest to northward throughout the forecast period.
On the forecast track, the core of 08W will briefly enter the northeastern corner of the Philippine Area of Responsibility (PAR) tonight and pass over Naje Island or about 275 km to the NE of Okinawa on Tuesday evening.
08W will pass very near Cheju Island by mid-day Wednesday, and make landfall along the Western part of South Korea Wednesday afternoon.
By Thursday morning, this cyclone will be in the vicinity of North Korea on Thursday morning.
မုန်တိုင်းငယ် ဖြစ်လာတော့မည့် လေဖိအားနည်းရပ်ဝန်း EIGHT(08W) တည်နေရာနှင့် ဆက်လက်ရွေ့လျားဘွယ်ရှိသည့် လမ်းကြောင်း ခန့်မှန်းပုံ(အပေါ်) TSR မှ လမ်းကြောင်း ခန့်မှန်းပုံ (အောက်) | |