ခုံရုံးကိစ္စ ၊ အာဏာမဏ္ဍိုင်ဟန်ချက် ၊သမ္မတ သဝဏ်လွှာ နဲ့ အခန်း(၁၂)

သမ္မတ သဝဏ်လွှာ
==========
သို့
ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်
အကြောင်းအရာ။ သဝဏ်လွှာပေးပို့ခြင်း
ရည် ညွှန်းချက်။ နိုင်ငံတော်သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ၁၄-၈-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၀၃/ပသ(စဝ) ၄/၂၀၁၂-၀၁၂ ဖြင့်
ပေးပို့သည့် သဝဏ်လွှာ
၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့်
စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ က ကျေနပ်လက်ခံနိုင်ခြင်း မရှိသဖြင့်
သက်ဆိုင်သူများအားလုံးအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး
တရားနည်းလမ်းကျသော ဆောင်ရွက်ချက်များ ဖြစ်လာစေရန်
စေတနာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါသည်။
၂။ ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ကိုယ်စား ပြည်ထောင်စု
ရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ လွှတ်တော်
အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ပြောကြားနေခြင်း
နှင့် စပ်လျဉ်း၍ အဆိုပါကော်မတီ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စု
အဆင့်အဖွဲ့အစည်းများဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသည့်
ငွေကြေးကိစ္စများနှင့်
အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုမိမိတို့အစိုးရအဖွဲ့
အနေဖြင့် စီမံ ဆောင်ရွက်ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါသည်။ ထိုသို့
ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ရန် လိုအပ်ပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊
ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင်
အကျုံးဝင်ခြင်းရှိ မရှိ တိကျ ရှင်းလင်းစွာသိရှိနိုင်ရေးအတွက် ပြည်ထောင်စု
အဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းမေးမြန်း
ခဲ့ခြင်း ဖြစ်ပါသည်။
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရန်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ခြင်းသည်
လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့
တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
၎။ ဤကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက
၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထား
သည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့
အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ဆုံးဖြတ်ချက်
ချမှတ်ပြီး ဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ
၂၃ တို့အရအပြီးအပြတ်အတည်ဖြစ်ပါသည်။ဤကိစ္စမှာ စစ်ဆေးကြားနာဆဲ
အဆင့် မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာ
ကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံး
လုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစ္စအား အစိုးရအဖွဲ့
အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။
၅။ ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မတိုင်မီ
၎င်းတို့၏ ဆန္ဒအလျောက် တာဝန်မှ အနားယူစေရေးကိစ္စနှင့် စပ်လျဉ်း၍
ရှင်းလင်းပြန်ကြားလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)
ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်
သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး
အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့်
အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရန်အတွက်သာ အပ်နှင်းထားခြင်းဖြစ်ပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့်
ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပေးအပ်ထားသော လုပ်ငန်းတာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်
ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူသွားစေရေးအတွက် နိုင်ငံတော်
သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည် မဟုတ်သည့်
အပြင် တရားမျှတမှုလည်းရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုတာဝန်မှ
အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စဖြစ်ပါသည်။
၆။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့တွင် ပါဝင်သည့်
ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ (၂)ဦးတို့မှ
ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူ
များ ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာကျွမ်းကျင်၍
နှစ်ပေါင်းများစွာ တရားစီရင်ရေး အတွေ့အကြုံရှိသူများ ဖြစ်သည့်အပြင်
အချို့သော ပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ၂၀၀၄
ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား
ညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စအပေါ် အမှားမှားအယွင်းယွင်း
သော်လည်းကောင်း၊ ဘက်လိုက်၍သော်လည်းကောင်း အဆုံးအဖြတ်
ပေးကြမည့် ပုဂ္ဂိုလ်များမဖြစ်နိုင်ဟုယုံကြည်ပါသည်။
၇။ မိမိအပါအဝင် ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် “နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏
ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။” ဟု လွှတ်တော်စတင်
ကျင်းပစဉ်က ပြည်သူ့လွှတ်တော်သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာ
သို့မဟုတ် ကျမ်းသစ္စာပြုထားကြသူများဖြစ်ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ
ပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်များအရ မိမိအနေဖြင့် လိုက်နာရမည်ဖြစ်ပါသည်။
၈။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစကမ္ဘာ့အလယ်တွင်
မျက်နှာ ပွင့်လန်းကာစ အခြေအနေတွင်သာရှိပါသေးသည်။ သို့ပါ၍
လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှုပြဿနာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်
တရားရေးမဏ္ဍိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည်ဖော်နေသော
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန်နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍
လည်းကောင်း၊ မိမိတို့ မဏ္ဍိုင်ကြီး(၃)ရပ်၏ စည်းလုံးညီညွတ်မှုကို
မထိခိုက်စေရန်အတွက်လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍
လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား
ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို
အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ
သင့်လျော်ကောင်းမွန် မည်ဟုယူဆပါသည်။
၉။ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို
ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်။
(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ
အခန်း(၁၂)
=======
ဖွဲ့စည်းပုံုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းး
၄၃၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုပြင်ဆင်လို
ပါက အောက်ဖော်ပြပါသတ်မှတ်ထားသောနည်းလမ်းအတိုင်း
ဆောင်ရွက်ရမည် –
(က) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေ
မူကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်၊
( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတွင်အခြားအဆိုများ မပါရှိစေရ။
၄၃၄။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု
လွှတ်တော်တွင်တင်သွင်းရမည်။
၄၃၅။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု
လွှတ်တော်ရှိလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စု
လွှတ်တော်က လက်ခံဆွေးနွေးရမည်။
၄၃၆။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း(၄)
ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀ဝ၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆)
ပုဒ်မ ၂၉၃၊ ၂၉၄၊၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂)
ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်
က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊
၁၇၄ ( ခ ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး
၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။-Credit -khinng soe lynn