သြဂုတ်လ ၂၄ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရရှိသည့် NRL data များအရ ထိုင်ဝမ်ကျွန်းတောင်ပိုင်းအား ဖြတ်ကျော်တိုင်ခတ်ပြီး တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိနေသည့် တိုင်ဖွန်းမုန်တိုင်း TEMBIN(15W) သည် ထိုင်ဝမ်ကျွန်းတောင်ပိုင်း၊ Kaohsiung ပြည်နယ်၊ SANMIN မြို့၏ အနောက်ဘက် ၄၇ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၄ မိုင်နှုန်းဖြင့် ရွေ့လျားလျှက်ရှိပါသည်။15W TEMBIN
24 Aug 2012 1200Z
Location: 22.6 119.6
Winds: 75 knots (Category 1)
Central Pressure: 967 hPa
16W BOLAVEN
သြဂုတ်လ ၂၄ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရရှိသည့် NRL data များအရ ပစိဖိတ်အနောက်မြောက်ပိုင်း တိုင်ဖွန်းမုန်တိုင်း BOLAVEN(16W) သည် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အရှေ့တောင်ဘက် မိုင် ၄၃၀ ခန့်တွင် ဗဟိုပြုနေပြီး၊ လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၇ မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။16W BOLAVEN
24 Aug 2012 1200Z
Location: 22.2 133.0
Winds: 115 knots (Category 4)
Central Pressure: 937 hPa
TYPHOON 2000 မှ ခန့်မှန်းချက်များအရ တိုင်ဖွန်းမုန်တိုင်း TEMBIN သည် အနောက်တောင်ဘက်သို့ ဖြေးညှင်းစွာ ရွေ့လျားပြီး လက်ဝဲရစ်ရွေ့လျားကာ ၇၂ နာရီအတွင်း အရှေ့-အရှေ့မြောက် သို့ ဦးတည်ရွေ့လျားမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ပင်လယ်မြေက်ပိုင်းတွင် ရွေ့လျားမှု နှေးကွေးသွားပြီး လာမည် တနင်္လာနေ့တွင် ထိုင်ဝမ်ကျွန်း တောင်ဘက်စွန်းအား ထပ်မံဖြတ်သန်းမည်ဖြစ်ကြောင်း၊ ပိုမိုအားကောင်းသော အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး၏ ဆွဲငင်မှုနောက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်ကြောင်း ဖြင့် ခန့်မှန်းကြောင်း သိရပါသည်။
TEMBIN (IGME) is expected to move slowly SW to Southward during the next 12 to 48 hours…and will make a counter-clockwise loop and move ENE to NE-ward through 72 hours. On the forecast track, the core of TEMBIN will slow down while over the West Philippine Sea…and will move East to ENE back towards the Southern tip of Taiwan on Monday. The u-turn track of TEMBIN is mainly due to the direct interaction with Typhoon BOLAVEN which is dictating Tembin’s motion.