Thursday, 23 August 2012 14:13 |
ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအား အသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၅၀၀)ဖြင့် တရားစွဲဆိုလိုက်ပြီး ပထမဆုံးရုံးချိန်းအား သြဂုတ်လ (၂၃)ရက်နေ့၌ ခေါ်ယူခဲ့ကြောင်း သိရသည်။
ဦးနေမျိုးဝေနှင့် ၈၈ မျိုးဆက်ကျောင်းသားများအား သတင်းထောက်များက မေးမြန်းနေသည်ကို တွေ့ရစဉ်
ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်အား တရားရုံးရှေ့တွင် သတင်းထောက်များက မေးမြန်းနေသည်ကို တွေ့ရစဉ်
ယင်းအမှုနှင့်စပ်လျဉ်း၍ ရုံးချိန်းသို့ လာရောက်ခဲ့သည့် လယ်သိမ်းခြင်းခဲ့ရသူ ဦးလန်ချောင်က “ဦးနေမျိုးဝေကို တရားစွဲတာအဓိပ္ပါယ် မရှိပါဘူး။ ဒီကိစ္စကဦးနေမျိုးဝေနဲ့ မဆိုင်ပါဘူး။ တရားစွဲခြင်းခံရရင် လယ်သမားတွေကိုပဲ စွဲရမှာပါ။ ဦးနေမျိုးဝေက ကုမ္ပဏီကလိမ်ပြီး လယ်သမားတွေဆီက လယ်သိမ်းတာကို ကူညီပေးရုံပါပဲ။ လယ်သမားတွေက ပြောဆိုလို့မှ မတတ်တော့ ကုမ္ပဏီကို ရင်ဆိုင်ဖို့မလွယ်ပါဘူး။ ကျွန်တော် တို့အကူညီလိုရင် ဦးနေမျိုးဝေက ကူညီနေကြ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရုံးချိန်းကို လာရခြင်းဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။ တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က “အခုကိစ္စက လယ်သမားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ တရားစွဲဆိုတဲ့အထဲ လယ်သမားတွေ မပါပါဘူး။ ကုမ္ပဏီ ကို ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှု အတွက်ကြောင့် ဦးနေမျိုးဝေ တစ်ဦးတည်းကိုပဲ အသရေ ဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆို လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါအမှုတွင် မင်္ဂလာဒုံမြို့နယ် တရားသူကြီး ဦးကိုကိုနိုင်မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အမှုဆောင်ရှေ့နေများအဖြစ် ဇေကမ္ဘာ ကုမ္ပဏီဘက်မှ ရှေ့နေဦးစိန်မြင့်က လည်းကောင်း၊ ဦးနေမျိုးဝေဘက်မှ ဦးသိန်းသန်းဦး(မြန်မာနိုင်ငံရှေ့နေ များ ကွန်ယက်)က လည်းကောင်း လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပြီး အမှုကာလအတွင်း ဦးနေမျိုးဝေအား ငွေကျပ်(၁၀)သိန်းဖြင့် အာမခံထားရှိကြောင်း သိရသည်။ Eleven Media Group |
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago