Headlines News :
Home » » အမျိုးသားများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာ ....

အမျိုးသားများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာ ....

Written By လွင့်မောင်မောင် on Thursday, August 23, 2012 | 12:48 AM




အမျိုးသားများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာ ....

မကြာခဏ ဆီးသွားခြင်း ဘာကြောင့်ဖြစ်ရတာလဲလူငယ်တွေမှာ မကြာခဏ ဆီးသွားခြင်းဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ဆီးအိတ် အလွန်အကျွံ အလုပ်လုပ်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးထဲမှာ ဘက်တီးရီးယားပိုးတွေ ပါဝင်တတ်ပြီး ဆီးသွားစဉ် နာကျင်ခြင်းနဲ့ မကြာခဏ ဆီးသွားခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖျားလည
်းဖျားတတ်ပါတယ်။

ဆီးအိတ်အလွန်အကျွံ အလုပ်လုပ်တဲ့ ပြဿနာ ခံစားရရင် ဆီးအိတ်ထဲမှာ ဆီးပမာဏ အနည်းငယ်ရှိနေ ရင်တောင် ဆီးသွားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။

အသက်ကြီးတဲ့သူတွေမှာတော့ ဆီးကျိတ်ကြီးခြင်းကြောင့် မကြာခဏ ဆီးသွားခြင်း အဖြစ်များပါတယ်။ ဆီးကျိတ်ကြီးတဲ့အခါ ဆီးသွားရတာကို အားမရဘဲ ဆီးသွားပြီးချိန်မှာ ဆီးတစ်စက်စက်ကျတာမျိုး ခံစားရတတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းမဖြစ်အောင် ကာကွယ်ဖို့ရာအတွက် ရေများများသောက်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု ထိန်းသိမ်းခြင်းတွေ လိုအပ်ပါတယ်။ ဆီးအိတ်လေ့ကျင့်ခန်း လုပ်ပေးတာဟာ ဆီးအိတ်အလွန်အကျွံ အလုပ်မလုပ်အောင် ကူညီပေးနိုင်ပါတယ်။

ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသနိုင်ပါတယ်။ ကုသမှုမခံယူဘူးဆိုရင် ကျောက်ကပ်ပိုးဝင်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။
ဆီးအိတ်အလွန်အကျွံ အလုပ်လုပ်တဲ့ လူနာတွေအနေနဲ့လည်း ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ဆီးအိတ်လေ့ကျင့်ခန်းနဲ့ ဆေးဝါးကုသမှုရရှိပြီး အခြေအနေ ကောင်းမွန်လာပါလိမ့်မယ်။
ဆီးကျိတ်ကြီးတာကိုတော့ ဆေးဝါးကုသမှု ခံယူပြီး ပျောက်ကင်းနိုင်ပေမယ့် ပြင်းထန်တဲ့ ရောဂါဆိုရင် ဆီးကျိတ်ခွဲစိတ်မှု လိုအပ်ပါတယ်။
Good Health
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template