ရန်ကုန်မြို့ သီရိမင်္ဂလာဈေးဟောင်းဘေး ကမ်းနားလမ်းရှိ Asia World လုပ်ငန်းခွင်အနီး ဆန္ဒပြနေသူများကို တွေ့ရစဉ် ဓာတ်ပုံ-Eleven Media Group |
ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့်အတွက် ကာယကံရှင်များက ဆန္ဒပြမှုကို ယနေ့ ညနေပိုင်းမှ စတင်ပြုလုပ်ခဲ့ရာ ယခု ၉ နာရီ ၄၀ အချိန်အထိ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး Asia World နှင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဆန္ဒပြသူများက တောင်းဆိုနေကြပြီး လက်ရှိအချိန်တွင် Asia World လုပ်ငန်းခွင်အတွင်းရှိ အလုံနှင့် ကြည့်မြင်တိုင်မြို့နယ် အကြား ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သည့် မြောင်းကြီး၏ ကွန်ကရစ်အဖုံးများကို ပြန်လည် ဖယ်ရှားနေပြီဖြစ်ကြောင်း သိရှိရသည်။
*************************************************************************************
နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး Asia World နှင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဆန္ဒပြနေသည့် နေရာသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုပြုံးချိုနှင့် ကိုမြအေးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အ
Asia World မှ တာဝန်ရှိသူတစ်ဦးက ဆန္ဒပြသူများကို တောင်းပန်ကြောင်းပြန်လည် ပြောကြားခဲ့ပြီး ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သည့် မြောင်းကြီး၏ ရေထွက်ပေါက်အား A
isa World ကုမ္ပဏီမှ
ကွန်ကရစ် မြောင်းဖုံးများဖြင့် ပိတ်ထားမှုကို ယခု ညပိုင်းတွင် ပြန်လည်
ဖယ်ရှားသွားမည်ဖြစ်ပြီး မူလအတိုင်း ပြန်လည် ထားရှိပေးမည်ဟု သိရပါသည်။
ယင်းနောက် ဆန္ဒပြသူများအား မိမိတို့ လိုလားချက်များ ရရှိပြီ ဖြစ်သဖြင့် စည်းကမ်းရှိစွာ ပြန်လည်ထွက်ခွာကြရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းများက မေတ္တာရပ်ခံခဲ့ပြီး ဆန္ဒပြသူများကလည်း ည ၁၀နာရီ ၁၀ မိနစ်ခန့်မှ စ၍ လူစုခွဲကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
ယင်းနောက် ဆန္ဒပြသူများအား မိမိတို့ လိုလားချက်များ ရရှိပြီ ဖြစ်သဖြင့် စည်းကမ်းရှိစွာ ပြန်လည်ထွက်ခွာကြရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းများက မေတ္တာရပ်ခံခဲ့ပြီး ဆန္ဒပြသူများကလည်း ည ၁၀နာရီ ၁၀ မိနစ်ခန့်မှ စ၍ လူစုခွဲကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
ဝင်ရောက်ညှိနှိုင်းပေးသော ၈၈မျိုးဆက်ကျောင်းသားများ |