မြေသိမ်းခံ နေအိမ်များရှေ့ဆန္ဒထုတ်ဖော်ထားသောဗီနိုင်းပိုစတာ |
ဇေယျာရွှေမြေဘောလုံးအသင်းပိုင်ရှင် ရွှေနဂါးမင်းကုမ္ပဏီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ဟာ အခုအခါမှာစစ်ကိုင်းတိုင်းမုံရွာခရိုင် မုံရွာတောင် ကူးတို့ကုန်းတွင်းမှာ ရှိတဲ့ မြေနေရာတွေကို ကာလပေါက်ဈေးထက် ဈေးနှိမ်ပြီး လျော်ကြေးပေး အတင်းအဓမ္မ လိုက်လံ သိမ်းယူနေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ တရားမျှတစွာ ဆောင်ရွက်ပေးဖို့ မုံရွာတောင် ဒေသခံတွေက တောင်းဆိုနေကြပါတယ်။