ဘယ်လ်ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည့် University de Liege က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် သမ္မတ ဦးသိန်းစိန်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း သမ္မတထံသို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သမ္မတ အနေဖြင့် လက်ခံမည့် အစီအစဉ် ရှိ၊ မရှိ တက္ကသိုလ် ပါမောက္ခနှစ်ဦးက တွေ့ဆုံမေးမြန်းရန် ရောက်ရှိနေကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါကတာဖုန်းဝင်းက ပြောသည်။ “လက်ခံတယ်ဆိုရင် အဲဒီအဖြေကို ယူသွားမယ်။ ပြီးရင် တရားဝင် ကြေညာလိုက်မယ်။ သူတို့ကတော့ တစ်ချိန်ချိန်မှာ လာယူဖို့ မျှော်လင့်တယ်။ အသေးစိတ်တွေကိုတော့ သမ္မတနဲ့တွေ့ရင် သူတို့(ပါမောက္ခတွေ)အနေနဲ့ မေးမြန်းဖို့ရှိတယ်” ဟု ဒေါက်တာဖုန်းဝင်းက ပြောသည်။ ယင်းတက္ကသိုလ်သည် ဥရောပတွင် အဆင့် ၈၁ ရှိပြီး ကမ္ဘာ့အဆင့် ၂၀၀ ကျော်တွင် ရပ်တည်လျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ အဆိုပါ တက္ကသိုလ်က ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များ ဖြစ်သည့် တောင်အာဖရိကသမ္မက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ပါဘက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်တို့အား ၁၉၉၈ ခုနှစ်တွင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဆိုဗီယက် သမ္မတဟောင်း မစ်ခေးလ်ဂေါ်ဘာချော့အား လည်းကောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တွင် ၁၀ ကြိမ်မြောက် နေရာတာဝန်ယူဖူးသူ မစ္စတာ Dominique Strauss Kahn နှင့် အမေရိကန်လူမျိုး အနုပညာရှင်တစ်ဦးဖြစ်သည့် Bill Viola တို့အားလည်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်သည့် အစဉ်အလာများ ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ယခုလာရောက်သည့် ခရီးစဉ်အတွင်း တက္ကသိုလ်မှ အငြိမ်းစားယူထားသည့် ပါမောက္ခ Albert Corhay နှင့် ပါမောက္ခ Eric Haubruge တို့အပြင် အတွင်းရေးမှူးတစ်ဦးတို့ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့သည် ယခုလ ၁၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိပြီး ၁၅ ရက်တွင် နေပြည်တော်တွင် သမ္မတနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago