Headlines News :
Home » » ဦးဇော်အေးမောင် ( RNDP ) ၏ သဘောထား....

ဦးဇော်အေးမောင် ( RNDP ) ၏ သဘောထား....

Written By လွင့်မောင်မောင် on Wednesday, August 22, 2012 | 6:30 PM



ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ 

" ကျွန်တော်ပြောချင်တာက ဒါဟာ ကျူးကျော်စစ်ပွဲတစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဗြိတိသျှတွေ သေနတ်နဲ့ လာရောက်တိုက်တာမှ ကျူးကျော်တာ မဟုတ်ဘူး။ အခု ဟိုဘက်က ဘင်္ဂလီတွေ ကျူးကျော်အခြေချ နေထိုင်လာပြီး အကျင့်ပျက်ဝန်ထမ်းတွေနဲ့  ပေါင်းပြီး မှတ်ပုံတင်တွေ ထုတ်တယ်။ အိမ်ထောင်အများကြီးပြုပြီး၊
ကလေးတွေ သောက်
သောက်လဲမွေးတယ်။ ဒီတော့ လူဦးရေတွေ တိုးပွားလာတယ်။ ဒေသခံတွေကို နှင်ထုတ်တယ်။ အိမ်တွေ မီးရှို့ တယ်။ သတ်တယ်။ ဒါဟာ ရခိုင်နဲ့  အစ္စလာမ်ဖြစ်တဲ့ ပြဿနာလို့  ပြောလို့ မရတော့ဘူး။ အဲ့ဒီနယ်မြေကို သူတို့ နယ်မြေလို့  ကျူးကျော်တောင်းဆိုလာတယ်။

ဒီကျူးကျော်စစ်ပွဲဟာ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အားလုံးနဲ့  သက်ဆိုင်တယ်လို့  သတ်မှတ်ပြီး အစိုးရနဲ့  ပူးပေါင်း ဖြေရှင်းမှ အောင်မြင်မယ်လို့ ထင်တယ်။ ဒါ့အပြင် ကမ္ဘာ့ အချို့ နိုင်ငံများက လူ့ အခွင့်အရေးကို အရေခြုံပြီး ဇာတ်နာခန်းတွေ ဖွင့်ပြပြီးတော့ ကျွန်တော်တို့ ရခိုင်တွေကပဲ နှိပ်စက်နေသလို ပြောနေတာကိုလည်း ကျွန်တော်က ရှုတ်ချတယ်။

လူ့ အခွင့်အရေးကို အများဆုံး ကြွေးကြော်နေတဲ့ အမေရိကန်နိုင်ငံမှာ ကျွန်တော်တို့  ရခိုင်လူမျိုးတွေ တရားမ၀င် သွားရောက်နေထိုင်ပြီးတော့ တိုင်းရင်းသားပါ၊ အမေရိကန် တိုင်းရင်းသားပါလို့ တောင်းဆို လာရင် သူတို့ က ကျွန်တော်တို့ ကို ဘာလုပ်ပေးမလဲ။ အမေရိကားမှာ ရခိုင်ပြည်နယ်ပေးပါ။ အာရကန် ဒေသသတ်မှတ်ပါလို့  ပြောလို့ လည်း မရဘူ။ အဲ့ဒီတော့ နိုင်ငံတကာကိုလည်း မျှမျှတတဝေဖန်ဆုံးဖြတ်ပါလို့  ပြောချင်ပါတယ်။
အဆိုပါ ဘင်္ဂါလီများကို ၄င်းတို့  နိုင်ငံများသို့  ခေါ်ယူထိမ်းသိမ်း စောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်.........။"

( လျှပ်တပြက် အင်တာဗျူးမှ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template