Headlines News :
Home » , » ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ အမျိုးသမီးများ ၊ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထား

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ အမျိုးသမီးများ ၊ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထား

Written By လွင့်မောင်မောင် on Monday, August 20, 2012 | 10:56 PM

မောင်းမကန်ကမ်းခြေ....(ဓာတ်ပုံ-လွင့်မောင်မောင်)

ထားဝယ် -20-8-2012
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ တွင်ဖွင့်လှစ်ထားသည့် ကာရာအိုကေ၊အရက်၊မိန်းကလေးများ နှင့် တွဲဖွင့်ထားသော စားသောက်ဆိုင် (၇)ဆိုင် ရှိပါသည် ။
၎င်းဆိုင်များကြောင့် ကျေးရွာနေလူထု၏ စာရိတ္တကို၊ပျက်ပြားစေခြင်း၊ ညဖက်တွင်ဆူညံလွန်းခြင်းတို့ကြောင့် ၊၄င်းဆိုင်များကိုပိတ်ပေးပါရန်၊
 မောင်းမကန်ရွာနေ အမျိုးသမီးများစုဝေး၍ ဆန္ဒပြထုတ်ဖော်ပွဲ
ပြုလုပ်ရန်အတွက်ယနေ့ (၂၀-၈-၂၀၁၂ တနင်္လာနေ့) နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် ၊ရဲတပ်ဖွဲ့ရုံးတွင်  ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားကြောင်း Myanmar Local News မှ သတင်းရရှိသည်။

ဆန္ဒပြမည့်နေ့......................          ၂၄-၈-၂၀၁၂  သောကြာနေ့ ။
ဆန္ဒပြမည့်နေရာ ............. ....           မောင်းမကန်ရဲစခန်းရှေ့ ။
ဆန္ဒပြမည့်အချိန်..............               မွန်းလွဲ (၁)နာရီမှ (၁)နာရီ ၄၅ မိနစ်အထိ။
ဆန္ဒပြမည့် အမျိုးသမီးထုအင်အား ......၇၀၀ယောက်

ဆန္ဒပြမည့် အမျိုးသမီးထုအင်အားမှာ ၇၀၀ယောက် ရှိသော်လည်း ၊ မြို့နယ်မှခွင့်ပြုဦးရေ အတိုင်းသာ ဆန္ဒပြမည်ဟု စီစဉ်သူများကဆိုသည်။
၎င်းဆန္ဒထုတ်ဖော်ပွဲကို မောင်းမကန်တွင်သာပြုလုပ်မည်ဆိုသော်လည်း၊ ပတ်ဝန်းကျင်ရွာများနှင့် ထားဝယ်မြို့ပေါ်လူထုကလည်း အထူးစိတ်ဝင်စားနေကြသည်။
မောင်းမကန်ရွာသည် ပင်လယ်ကမ်းခြေကျေးရွာဖြစ်သော်လည်း ဗုဒ္ဓဘာသာ သာသနာကိုအထူး
ရိုသေအလေးမြတ်ထား၍ တရားစခန်းများဖြင့် စည်းကားသောရွာကြီးဖြစ်သည်။





Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template