Headlines News :
Home » » ကျွန်ုပ်တို့ကိုပြတ်ပြတ်သားသားပြောပါ

ကျွန်ုပ်တို့ကိုပြတ်ပြတ်သားသားပြောပါ

Written By လွင့်မောင်မောင် on Friday, August 24, 2012 | 12:36 PM

မင်းတို့မည်သည် စကားကို အခုတမျိုးတော်ကြာ တမျိုးပြောယိုး ထုံးစံမရှိ မပြောဆိုရာ..။ မပြောဆိုအပ်...။
 (၁) ပြည်တံခွန်ကို မလှဲရာ။
 (၂) ပြည့်ဦးကင်းကို မနှိမ်ရာ။
 (၃) ပြည်စွယ်ပြည်သွားကို မချိုးရာ။
 (၄) ပြည့်မျက်လုံးကို မဖောက်ရာ။
 (၅) ပြည့်မျက်နှာကို မဖျက်ရာ။
 (၆) ပြည်ခြေပြည်လက်ကို မဖြတ်ရာ။
 (၇) ပြည့်ဝမ်းကို မဖောက်ရာ။
 (၈) ပြည့်ကျေးဇူးကို မထိမ်ရာ။
    မင်းရာဇာလျှောက်ထုံး
 မင်းကောင်းမင်းမြတ် ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာမှာတော့;"
    "ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို့ လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ၊ မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊"

    ဟုတိုင်းသူပြည်သားတွေကို မိမိ၏ ရင်နှစ်သားများကဲ့သို့ မေတ္တာဂရုဏာ ဖြင့် ရေးသားခဲ့ပါတယ်....။

    အားလုံးသိပြီး ဖြစ်တဲ့ ယနေ့ထွက်ပေါ်လာတဲ့ သမ္မတရဲ့ သဝဏ်လွှာစာနှင့် သမိုင်းတွင်မယ့် ရခိုင်အရေး သတင်းသုံးသပ်ချက်ပါ သမ္မတရုံးရဲ့ ကြောက်စာနဲ့ အထက်က ကျန်စစ်သားမင်းရဲ့ ကျောက်စာကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင်...

    " ရခိုင်ကို တိုင်းတပါးမှ ကျူးကျော်သူ ဘင်္ဂလီများ ဖျက်ဆီးသောအခါ ပြည်သူအပေါင်းတို့သည်... ကိုယ့်ပြည်တွင်းမှာနေပြီး နေရပ်ဒေသများ ပြောင်းရွှေ့ခံရကာ ဒုက္ခမျိုးစုံ ခံစားခဲ့ရသည်..။ အချို့လည်း အသက်စည်းစိမ် အိုးအိမ် ဆုံးရှုံးခဲ့ရသည်..။ ငါ၏ အကူအညီဖြင့် ထိုသူများကို တခြားတပါးမှာ တိမ်းရှောင်နေရာမှ မိမိတို့နေရပ်မှာ နေထိုင်လုပ်ကိုင် စားသောက်စေအံဟူသော အခြေအနေသည် ယနေ့ထိ ဖြစ်မလာသေးပေ။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ၊ မိကွဲ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့ဟု အပြောသာရှိပြီး ယနေ့ထက်တိုင် မဖြေရှင်းနိုင်သေးပေ..။ ငါ၏ ယာလက်ဖြင့် ဖိအားပေးနေသော တိုင်းပြည်များမှ အထောက်အပံ့ကိုယူ၍ ငါ၏ဝဲလက်ဖြင့် ရခိုင်ပြည်သူများအား ပြည်ပဖိအားမှ ကာကွယ်ရန် အပြစ်ပုံချ၍ ထိုးကျွေးအံ့ဟု ဆိုလေသလား။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း ရခိုင်ပြည်သူ ပြည်သားတို့အား အပြစ်ပုံချအံ့ဟု "

    မှတ်ယူရလောက်အောင် ယနေ့ထွက်ပေါ်လာတဲ့ သမ္မတရဲ့ သဝဏ်လွှာစာနှင့် အတူ ပါလာတဲ့ သတင်းသုံးသပ်ချက်ဟာ ပြည်သူများရဲ့ ရင်ဝအရှိုက်ကို ဆောင့်ကန်ခံရပိ သကဲ့သို့ အခံရခက်လှပေသည်..။ မိကျောင်းမင်းရေခင်း ပြသလို ရခိုင်အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းထားမှုအားလည်း နွားရှေ့ထွန်ကျူး သဲထဲရေသွန် ဖြစ်ရတော့မည်..။

    အပြစ်တင် မစောလိုပေမယ့် ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ယိုး ထုံးစံမရှိဟု ဆိုအပ်သလို ယခင် သမ္မတ၏ ဘင်္ဂလီအရေး ကမ္ဘာသိ ပြောဆိုခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရခိုင်ပြည်သူတွေ လက်ခုပ်သြဘာ ပေးခဲ့ကြသည်..။ သမ္မတအား ထောက်ခံပွဲများပင် ပြုလုပ်ခဲ့ကြသည်... ပြုလုပ်ရန်လည်း စီစဉ်ခဲ့ကြသည်...။ ယခုလို အင်မတန်မှ အရေးကြီးလှတဲ့ ယခုလို အချိန်အခါ အခြေအနေမှာ ထွက်ပေါ်လာသည့် သတင်းသုံးသပ်ချက်သည်.. ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်ဆိုသည့် စကားကို ယုံကြည်ရတော့မည့် အခြေအနေသို့ ရောက်ရှိနေပေပြီ။ အမျိုးဘာသာ၊ သာသနာနဲ့ အချုပ်အခြာ အာဏာပိုင်ရေး အတွက် မင်းမြတ် ကျန်စစ်သားလို မကျင့်နိုင်ရင်နေပါ.. စောလူးမင်းလိုတော့ ရခိုင်ပြည်သူတွေကို သားမက်ကို သူခိုးထင်၊ သူခိုးကို သားမက်ထင်ပြီး ငရမာန်ကန်းလက်မှာ ဖြစ်ချင်ရာ ဖြစ်တော့ဆိုပြီး ဝကွက်အပ်လိုက်ဖို့ ကြံ့စည်နေတဲ့ လုပ်ရပ်ဖြစ်ခဲ့မယ် ဆိုရင်တော့ အပြင်းအထန် ကန့်ကွက်ဆန့်ကျင် ရပါလိမ့်မယ်...။

    ယနေ့ အဆိုပါ ရခိုင်အရေး သုံးသပ်ချက်နဲ့ ပတ်သက်ပြီး အဆိုပါ သုံးသပ် ရေးသားချက် မှန်မမှန် သမ္မတ၏ ဖြေရှင်းချက်ကို ကျွန်ုပ်တို့ မြန်မာပြည်သူ အပေါင်းသည် နားနှင့်ဆတ်ဆတ် ကြားလိုပါသည်..။
    ကျွန်ုပ်တို့ ပြည်သူအားလုံးသည် ကချင်တိုင်းရင်းသားအရေး၊ ရခိုင်တိုင်းရင်းသား အရေးတွေမှာ အပြောသမ္မတထက် လက်တွေ့သမ္မတကိုသာ အလိုရှိပေသည်...။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပေသည်...။ အနှောင့်အဖွဲ့ပါတဲ့ ပြည်ပ အကူအညီတွေအစား အနှောင်အဖွဲ့မပါတဲ့ သမ္မတရဲ့ နှုတ်ထွက် ကတိစကားကိုသာ အလိုရှိပေသည်...။

    ရင်ဝယ်ထား သားလည်း မဟုတ် မုတ်ဆိတ်ဖွား ကုလားလည်း မဟုတ်ဆိုတဲ့ ဟိုမရောက် ဒီမရောက် မီးရှုးမီးပန်းလို မြင်ပြီးပျောက်သွားမယ့် အဖြေအစား တိုင်းရင်းသား အရေးမှာ ရင်ဝယ်ထား သားဖြစ်ပါကြောင်း သမ္မတရဲ့ ပြတ်ပြတ်သားသား အဖြေစကားကိုသာ မိမိတို့ ပြည်သူများမှ စောင့်မျှော်နေမည်ဖြစ်ပါကြောင်း။

    ဒီမိုဝေယံ
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template