Headlines News :
Home » » ကချင် ဒုက္ခသည်များကို တရုတ်အာဏာပိုင်များ စတင်မောင်းထုတ်

ကချင် ဒုက္ခသည်များကို တရုတ်အာဏာပိုင်များ စတင်မောင်းထုတ်

Written By လွင့်မောင်မောင် on Thursday, August 23, 2012 | 1:11 AM

 
 တရုတ်နိုင်ငံ နောင်တောင်းမြို့  ရှိ ကချင်စစ်ဘေး ရှောင် ဒုက္ခသည်များကို တရုတ်အာဏာပိုင်များ စတင်မောင်းထုတ်

     မြန်မာ ကချင် ပြည်တွင်း စစ်ကြောင့် တရုတ်နိုင်ငံ နောင်တောင်းမြို့ တွင် ခိုလုံနေထိုင်နေသော ကချင်စစ်ဘေး ဒုက္ခသည်များကို တရုတ်အာဏာပိုင်များက ယနေ့22.8.2012နေ့ နံက် 103း0ခန့်တွင် စတင်မောင်းထုတ်နေပါတယ် ။

      နောင်တောင်းမှာ IDP  Camp (6) ခု ရှိတယ် ....

 ၁ ။ Yang Lu                ( ယန်လု )
 2 ။ Lau Hpai                (လောဝ်ဖိုင် )
 ၃ ။ Lung Krawk          (လုံဂရောက် )
 ၄ ။ Na Kawng Kawng  (နားကောင်းကောင် )
 ၅ ။ Hka dawng Pa        (ခဒေါင်ပါ )
 ၆ ။ Nga Nawng Pa       (ငါနောင်ပါ )    စခန်းတွေ ဖြစ်ပါတယ် ။အဲဒီစခန်းတွေမှာ အိမ်ထောင်စုပေါင်း (၉၈၀ ) ကျော်ရှိပြီး လူဦးရေ (၄၉၀၀ ) ကျော်နေထိုင်တယ်လို့ သိရပါတယ် ။

   ဒီကနေ့ 22.8.2012 နေ့ မှာ ယန်လု ဒုက္ခသည်စခန်းက အိမ်ထောင်စု  (၁၀၈ )စု လူဦးရေ  (၅၄၂ ) ဦး ၊ လောဝ်ဖိုင် ဒုက္ခသည် စခန်း က အိမ်ထောင်စု (၄၈ ) စု နဲ့  လူဦးရေ (၁၀၀) ဦးတို့ကို ဒီကနေ့မှာ Lana Zup Ja (လာနာဇွပ်ဂျာ ) ဒုက္ခသည် စခန်းကို ပူးပေါင်း ခိုလုံဘို့ စတင် ပြောင်းရွှေ့ လာတာကို တွေ့ရပါတယ် ။လာနာ ဇွပ်ဂျာ မှာ လူဦး သိပ်များလွန်းတာကြောင့်  Bun Tasit Pa (ဘွမ်စစ်ပါ ) ဒုက္ခသည် စခန်းဘက်ကိုလည်းအနည်းငယ် မျှထားဘို့ စီစဉ်ထားတယ်လို့လဲ တာဝန်ရှိသူတွေက ပြောပါတယ် ။

      တရုတ်အာဏာပိုင်တွေဟာ ဒုက္ခသည်တွေကို Bus ကားများဖြင့် လာနာဇွပ်ဂျာ ဒုက္ခသည်စခန်းအထိ အရောက်ပို့ပေးပြီး ဒုက္ခသည်တွေရဲ့  ပစ္စည်းတွေကို တော့ ကုန်တင်ကားကြီးများနဲ့  တင်ဆောင်ပြီး KIO နယ်မြေ ထဲ အထိမပို့ပဲ နယ်စပ်တံတားပေါ်မှာ ကားချင်း ဖင်ချင်းတေ့ပြီး ချိန်းပြောင်းပေးနေတာကို တွေ့ရပါတယ် ။

   တရက်နည်းနည်း စီပဲ ပြောင်းရွှေ့  ပေးနေတာဟာလဲ ထူးခြားနေတာကို တွေ့ရပါတယ် ။ တရုတ်အစိုးရ ဟာ ယခုလို စစ်ဘေးဒုက္ခသည်တွေ ကို အတင်းအဓမ္မ မောင်းထုတ်နေတာကို နိုင်ငံတကာသိမှာ အရမ်းစိုးရိမ်တယ်လို့ဆိုပါတယ် ။ ယခုလိုပြောင်းရွေ့ မှုတွေကို ဓါတ်ပုံမှတ်တမ်းရိုက်ကူးတဲ့ ကင်မရာတစ်လုံးကို သိမ်းဆည်းထားလိုက်တယ်လို့ ကာယကံရှင်က ပြောပြလို့ သိရပါတယ် ။


တရုတ်အစိုးရ ဟာ ဒီကိစ္စကို သိုသိုသိပ်သိပ် လုပ်နေတာ ထင်ရှားနေပါတယ် ။ နိုင်ငံတစ်ကာရဲ့  ပြစ်တင်ဝေဖန်မှုတွေကို ရှောင်ရှားချင်နေတာလဲ ဖြစ်ပါတယ် ။

by Zawmoehetet Zawmoe



Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template