၁၀၀၀၀ ကျော်ခန့်က လှိုက်လှဲစွာ ကြိုဆို ခဲ့ကြတယ်။ ကိုမင်းကိုနိုင်နှင့် အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း လူငယ် တာဝန်ခံ ကိုနေမျိုးကျော်၏ နေအိမ်
NLD ရုံးခန်းတွင် စကု ပြည်သူလူထုအား ၂ နာရီခန့် တွေ့ဆုံ ခဲ့ကြပြီး ကိုမင်းကိုနိုင်နှင့်အတူ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်၊ စမ်းချောင်းကိုကိုကြီး၊
ကိုအံ့ဘွယ်ကျော်၊ မနီလာသိန်း ၊ မမီးမီးတို့က စကု ပြည်သူလူထုကို တစ်ဦးချင်း နှုတ်ဆက်စကား ပြောဆို ခဲ့ကြပါတယ်။ ဆက်လက်၍ စကုမြို့တွင် အခြေချ နေထိုင်သော
ကဗျာ/၀တ္ထုတိုဆရာ အေးမင်းစော နေအိမ်သို့ သွားရောက် တွေ့ဆုံပြီး စကုမြို့လူငယ်များ ထူထောင်ထားသော ပညာဘဏ် စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်
ရေရှည် တည်တံ့ရေးအတွက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီမှ အကြံပြု တိုက်တွန်း သွားပါတယ်။ ဧည့်သည်တော် မှတ်တမ်းတွင် ကိုမင်းကိုနိုင်ကိုယ်တိုင် လက်မှတ်
ရေးထိုး ပေးခဲ့ပါသည်။ ဆက်လက်၍ ည ၁၀း၃၀ နာရီခန့်မှာ မကွေးမြို့သို့ ထွက်ခွာပြီး မကွေး (ဗ.က.သ) အဖွဲ့ဝင် ကျောင်းသားများနှင့် မကွေး NLD ရုံခန်းတွင် တွေ့ဆုံ
ဆွေးနွေး ခဲ့ကြပါသည်။ ည ၁၂း၀၀ နာရီခန့်တွင် မကွေးမြို့မှ မကွေး-နတ်မောက်လမ်းအတိုင်း နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားရာ မကွေးတိုင်း လူငယ်တာဝန်ခံ
ကိုနေမျိုးကျော်နှင့် မကွေး ၈၈ ကျောင်းသားများက နတ်မောက်လမ်းခွဲအထိ လိုက်ပါ ပို့ဆောင် ခဲ့ကြသည်။