``ရိုဟင်ဂျာတွေဟာ မြန်မာလူမျိုးစုထဲမှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူး`` လို့
ပြည်ထောင်စု လ၀က ၀န်ကြီး ဦးခင်ရီက သြဂုတ် ၁၉ က ဘီဘီစီနဲ့ သီးသန့် ဆက်သွယ်
အင်တာဗျူးမှာ ထပ်မံ ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ပြည်လုံးကျွတ်
သန်းကောင်စာရင်း ကောက်တဲ့အခါမှာလည်း လူဦးရေကိုသာ အခြေခံ ကောက်ယူမှာ
ဖြစ်တယ်၊ ဘာသာရေးပေါ် အခြေခံမှာ မဟုတ်ဘူးလို့လည်း ၀န်ကြီးက ပြောပါတယ်။
(ဘီဘီစီ)
<