Headlines News :
Home » » မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းနိုင်ဟုဆို

မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းနိုင်ဟုဆို

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 4:46 PM

ရန်ကုန်၊ စက်တင်ဘာ ၇

ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေဈေး စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်လိုက်ခြင်းကြောင့် အရောင်းအဝယ် အေးစက်နေသော ဈေးကွက်ပြန်လည် ကောင်းမွန် လာနိုင်ကြောင်း ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်မည်ဟု သတင်းထွက်ပေါ်စ စက်တင်ဘာလ ဒုတိယပတ်မှစ၍ အရောင်းအဝယ်များ အေးစက်ခဲ့ခြင်း ဖြစ်ပြီး ယခုစံနှုန်း ထွက်ပေါ်လာသဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။
“စံနှုန်းသတ်မှတ်တဲ့ အခြေအနေကို စောင့်ကြည့်နေလို့ ဒီလိုအေးစက်နေတာပါ။ ဈေးကွက်က ပြန်ကောင်းလာမှာပါ။ ဈေးနှုန်းတော့ တက်လာမှာ မဟုတ်ပါဘူး” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။

ယင်းစံနှုန်း သတ်မှတ်ချက်များသည် လက်ရှိမြေဈေးကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခွန်အပြည့်အဝရရန် အတွက်သာ ရည်ရွယ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားသည်။

လတ်တလော အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း အရောင်းအဝယ် အေးစက်၍ ဈေးနှုန်းမှာလည်း ရပ်တန့်နေပြီး ဒလမြို့နယ်တစ်ခုသာ တံတားစီမံကိန်း အကောင်အထည် ဖော်မည် မဟုတ်ဟု အတည်ပြုလိုက်ခြင်းကြောင့် ဈေးထိုးကျသွားခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် စံနှုန်း သတ်မှတ်ချက်များသည် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ယင်းသတ်မှတ် နှုန်းထားများအတိုင်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး (ရန်ကုန်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template