စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲဗိုလ်လုပွဲမှာ မြန်မာက သန့်ဇင်ဦးနဲ့ အောင်မျိုးဆွေတို့ အတွဲက ထိုင်းက ပွန်ချိုင်းနဲ့ ပတ်တရာပေါင်တို့ အတွဲကို ရှုံးနိမ့်သွားပြီး ဒုတိယ ငွေတံဆိပ်ဆုရသွားပါတယ်။
ဇွန်လ ၁၂ ရက် မနက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မြန်မာက ပထမပွဲငယ်မှာ (၂၃-၂၁)နဲ့ ထိုင်းကိုအနိုင်ရခဲ့ပေမယ့် ဒုတိယပွဲငယ်မှာ (၁၄- ၂၁)မှတ်၊ တတိယပွဲငယ်မှာ (၁၆-၂၁)မှတ်နဲ့ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။
အပြည့်အစုံကြည့်ရှုနိုင်ပါတယ်။