မလေးရှားနိုင်ငံမှာ အမြင့်ဆုံး တောင်ဖြစ်တဲ့ ကီနာဘူလူ တောင်ပေါ်ဒေသမှာ
အင်အားပြင်းတဲ့ ငလျင်ကြောင့် မြေပြိုမှု၊ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့်
သေဆုံးသူ ၁၆ ယောက်အထိ အတည်ပြုနိုင်ပြီလို့ အာဏာပိုင်တွေက ဇွန်လ ၇ ရက်နေ့မှာ
ပြောပါတယ်။
နောက်ထပ် ၂ ယောက် ပျောက်ဆုံးနေဆဲပဲလို့ တောင်ပေါ် ဒေသမှာ
ကိုယ်တိုင်ရောက်နေတဲ့ ခရီးသွားလာရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီး မာစီဒီ က သတင်းထောက်တွေကို ပြောပါတယ်။
အခုအထိ အတည်ပြုနိုင်တဲ့ စာရင်းအရ မလေးရှား ၆ ယောက်၊ စင်ကာပူ ၇ ယောက်၊
ဖိလစ်ပိုင် ၁ ယောက်၊ တရုတ် ၁ ယောက်၊ ဂျပန် ၁ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ရှာဖွေရေး လုပ်ငန်းတွေကို ဇွန်လ ၈ ရက်နေ့မှာလည်း ဆက်လုပ်မှာ ဖြစ်ပါတယ်။
ဇွန်လ ၅ ရက်နေ့က ငလျင်လှုပ်တဲ့အချိန်က ၁၆ နိုင်ငံက တောင်တက်သမား ၁၃၀
ကျော် ပိတ်မိခဲ့ပြီး နောက်တော့ တောင်ပေါ်ကနေ ဘေးကင်းစွာ
ဆင်းသက်နိုင်ခဲ့ကြပါတယ်။
စင်ကာပူမှာတော့ ဇွန်လ ၈ ရက်နေ့ကို ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေညာထားပြီး
အလံကို တိုင်ဝက်ချ လွှင့်ထူဖို့ ၀န်ကြီးချုပ်ရုံးက ညွန်ကြားထားပါတယ်။
DVB