Headlines News :
Home » » ယူ ၂၀ ကမ္ဘာ့ဖလား အိမ်ရှင် နယူးဇီလန် ဒုတိယအဆင့်မှ ထွက်

ယူ ၂၀ ကမ္ဘာ့ဖလား အိမ်ရှင် နယူးဇီလန် ဒုတိယအဆင့်မှ ထွက်

Written By Live100 on Thursday, June 11, 2015 | 6:41 PM

ဓာတ်ပုံ - ဖီဖာ
ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ဇွန် ၁၁ ရက်နေ့က ကျင်းပရာ အိမ်ရှင် နယူးဇီလန်က ပေါ်တူဂီကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။
နယူးဇီလန်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာကို ၅-၁ ဂိုးနဲ့နိုင်ပြီး အကောင်းဆုံး အုပ်စုတတိယအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာပါ။
အခြားပွဲစဉ်တွေမှာတော့ ဥဇဘက်ကစ္စတန်က သြစတြီးယားကို ၂-၀ ဂိုး၊ ဥရောပထိပ်သီး ဂျာမနီက နိုင်ဂျီးရီးယားကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး တောင်အမေရိကအသင်း အချင်းချင်းတွေ့ဆုံတဲ့ ဘရာဇီးနဲ့ ဥရုဂွေးတို့ပွဲမှာတော့ ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ အထိ ဂိုးမရှိသရေကျနေလို့ အချိန်ပို ဆက်လက်ကစားရာမှာလည်း တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ကြဘဲ ပယ်နယ်တီ ကန်သွင်းခဲ့ရပါတယ်။
အဆုံးအဖြတ် ပယ်နယ်တီ ကန်သွင်းရာ ဘရာဇီးက ၅-၄ ဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်သွားပါတယ်။
ဇွန် ၁၀ ရက်နေ့က ကစားခဲ့တဲ့ ရှုံးထွက်ပွဲစဉ်တွေမှာတော့ မာလီက ဂါနာကို ၃-၀ ဂိုး၊ အမေရိကန်က ကိုလံဘီယာကို ၁-၀ ဂိုးနဲ့နိုင်ပြီး ဆားဘီးယားနဲ့ ဟန်ဂေရီတို့ပွဲမှာ ၁-၁ ဂိုးနဲ့ သရေကျနေလို့ အချိန်ပို ဆက်လက်ကစားရာ တယောက်လျော့ ဆားဘီးယားက အချိန်ပိုဒုတိယပိုင်းမှာ ၁ ဂိုးထပ်မံသွင်းယူပြီး အနိုင်ရခဲ့ပါတယ်။
ကျန်ပွဲစဉ်တပွဲဖြစ်တဲ့ ယူကရိန်းနဲ့ ဆီနီဂေါတို့ ကစားရာ မိနစ် ၉၀ အထိ ၁-၁ ဂိုးနဲ့ သရေကျနေပြီး အချိန်ပို ဆက်လက်ကစားရာမှာလည်း ဂိုးမသွင်းယူနိုင်လို့ ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာ ဆီနီဂေါက ၃ ဂိုးဝင်အောင် ကန်သွင်းနိုင်ပြီး ယူကရိန်းက ၁ ဂိုးသာ ၀င်ခဲ့တဲ့အတွက် ယူကရိန်းအသင်း ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇွန် ၁၄ ရက်နေ့ ဆက်လက်ကျင်းပမှာဖြစ်ပြီး မာလီနဲ့ ဂျာမနီ၊ အမေရိကန်နဲ့ ဆားဘီးယား၊ ဘရာဇီးနဲ့ ပေါ်တူဂီ၊ ဥဇဘက်ကစ္စတန်နဲ့ ဆီနီဂေါတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ဖီဖာ
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template