Headlines News :
Home » » အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ကလေးလုပ်သားများ ရှိနေသေးဟုဆို

အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ကလေးလုပ်သားများ ရှိနေသေးဟုဆို

Written By လွင့်မောင်မောင် on Saturday, June 13, 2015 | 9:11 PM



အန္တရာယ်ရှိသည့် လုပ်ငန်းခွင် များ၊ ဓာတုဗေဒနှင့် ပတ်သက်သည့် လုပ်ငန်းခွင်များတွင် ကလေးလုပ်သားများ ရှိနေသေးကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Myanmar Trade Unions Fed-eration-MTUF) ဥက္ကဋ္ဌ ဦးအောင် လင်းက The ladies သို့ ဇွန် ၁၁ ရက်က ပြောသည်။

မြန်မာနိုင်ငံ သာမက ကမ္ဘာတစ်ဝန်းလုံးရှိ သက်ဆိုင်ရာ အဖွဲ့အစည်း များက ကလေးလုပ်သားများအပေါ် ကာကွယ်စောင့်ရှောက်ရမည့် အချိန်တွင် ကလေးလုပ်သားများအား လုပ် အားခေါင်းပုံဖြတ်ခြင်း၊ ပညာသင်ကြား ခွင့် ဆုံးရှုံးခြင်း စသည်တို့ ဆုံးရှုံးနေရ ပြီး မိသားစုချို့တဲ့သဖြင့် လုပ်ငန်းခွင် ဝင်ရောက်သည့် ကလေးအများစုမှာ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများအပါအဝင် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်အ တွင်း ရောက်ရှိကာ အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။

ယင်းအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာ နနှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း ကလေးလုပ်သား များ ပပျောက်ရေး စီမံကိန်းအား ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင် ထားလျက်ရှိပြီး ယင်းအတွက် ကလေး အလုပ်သမားများအပေါ် လက်ရှိခံစားနေရသည့် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဝိုင်းဝန်း တိုက်ဖျက်ရန် လိုအပ်ကြောင်း ယင်းက ဆိုသည်။

ဦးအောင်လင်းက “အခုက ကလေးလုပ်သား ပပျောက်ရေးအစီအ စဉ်ထဲမှာ ကျွန်တော်တို့ တွေ့ထားတာ ရှိတယ်။ အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေထဲမှာ ကလေးတွေကို ခိုင်းတာလိုမျိုးပေါ့။ အခုက ဓာတုဗေဒ နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ကလေးတွေကို စေခိုင်းနေတာရှိတယ်။ အစိုးရက အကောင်အထည်ဖော်ဖို့ လိုသေးတယ်။ လုပ်ငန်းခွင်ထဲမှာ ကလေးလုပ်သား ခိုင်းစေမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေ အများကြီးရှိတယ်။ နောက် ကလေး သူငယ်ဥပဒေပြင်ရမှာ အများကြီးရှိ တယ်။ ပြင်ဖို့ကိုလည်း အလုပ်သမား ဝန်ကြီးဌာနက လုပ်ဆောင်နေတယ် လို့ သိရတယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေး ကြေညာစာတမ်း အပိုဒ် ၁ တွင် လူတိုင်းသည် တူညီပြီး လွတ်လပ်သည့် လူ့ဂုဏ်သိက္ခာ အခွင့်အရေးများနှင့်အညီ မွေးဖွားလာကြသည်ဟု ပါရှိသည်။ အပိုဒ် ၂၅၊ အပိုဒ်ခွဲ ၂ တွင်လည်း ကလေးမိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်း ရထိုက်သည် ဟုဖော်ပြပါရှိပြီး ကလေးများ အားလုံးသည် ညီမျှသော အကာအကွယ်ခံ စားရမည်ဟု ဖော်ပြထားချက်အရ ကလေးလုပ်သားများအား လူ့အခွင့်အရေး ကြေညာစာတမ်းအရ အကာအ ကွယ်ပေးထားသည်။

ယင်းအပြင် အများပြည်သူနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်(ICCPR) အပိုဒ် ၂၄ တွင်လည်း ကောင်း၊ စီးပွားရေးလူမှုရေးနှင့် ယဉ် ကျေးမှုဆိုင်ရာ သဘောတူစာချူပ် (ICESPR) အရ လည်းကောင်း က လေးသူငယ် အခွင့်အရေးများဆိုင် ရာ သဘောတူစာချူပ် (CRC) တို့အ ရ ကလေးသူငယ်များ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရမည့် တာဝန် များပါဝင်ထားကြောင်း သိရသည်။

ကလေးသူငယ်များ ရှင်သန်နိုင် ရန် ယင်းတို့အား အလုပ်စေခိုင်းခြင်း သည် ကလေးသူငယ်များ အခြေခံရပိုင်ခွင့်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ် သည်။ လက်ရှိတွင် ကလေးလုပ်သား များ အသုံးပြုနေကြသည့် စားသောက် ဆိုင်များ၊ ထုတ်ကုန်များအား ဝယ်ယူ ခြင်း၊ စားသုံးခြင်း၊ အားပေးခြင်း မပြု ကြရန်နှင့် ရှုတ်ချရမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ အလုပ်သမားများ သမဂ္ဂများ အဖွဲ့ချုပ် (MTUF) က ဇွန် ၁၂ ရက် တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ကလေးလုပ်သား ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်နေ့ သဝဏ် လွှာတွင် ဖော်ပြပါရှိသည်။

The Ladies News Journals
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template