အသက် ၁၀၂ နှစ်အရွယ်ရှိ ဂျာမန်အမျိုးသမီး အင်ဂဘော့ဂ် ဆယ်လ်မရာပါပေါ့တ်ဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က အခမ်းအနားမှာ ပါရဂူဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။
ဂျူးလူမျိုးဖြစ်လို့ နာဇီဂျာမန်တွေက သူ့ရဲ့ ဘွဲ့အတွက် တင်သွင်းတဲ့ ဒစ်ဖသီးရီးယား ဆုံဆို့နာ ရောဂါဆိုင်ရာကျမ်းကို ငြင်းပယ်တာ ခံရအပြီး ၇၇ နှစ်အကြာမှာ ပါရဂူဘွဲ့ကို လက်ခံရရှိတဲ့ အသက်အကြီးဆုံးလူ ဖြစ်လာခဲ့တာပါ။
နာဇီပါတီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာလက်ထက်မှာ လူမျိုးရေးခွဲခြားတဲ့ ဥပဒေကြောင့် သူမဟာ နောက်ဆုံး နှုတ်ဖြေစာမေးပွဲကို ဖြေဆိုခွင့် မရခဲ့လို့ အောင်လက်မှတ်ကို လက်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။
မနှစ်ကတော့ သူ့သားက ဟမ်းဘာ့ဂ်ျတက္ကသိုလ်ကို ချဉ်းကပ်ပြီး ဘွဲ့ပေးဖို့ စဉ်းစားနိုင်မလားဆိုတာ မေးခဲ့တာပါ။
တက္ကသိုလ်က နှုတ်ဖြေစာမေးပွဲဖြေဖို့ သတ်မှတ်ပြီး သဘောတူခဲ့ပါတယ်။ အမျိုးသမီးကြီးက သူ့ကျမ်းရဲ့ နယ်ပယ်ထဲက တိုးတက်မှုတွေကို လနဲ့ချီ ပြန်လှန်လေ့လာခဲ့ပြီး စာမေးပွဲ အောင်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အသက်အကြီးဆုံး ပါရဂူဘွဲ့ယူသူ ဖြစ်လာခဲ့ပါတယ်။
DVB