ရွေပြောင်းနေထိုင်သူများအနေဖြင့်
လက်ရှိနေထိုင်နေရာတွင် မဲပေးခွင့် ရရေးသည့် အဆိုပါနေရာတွင် ၆လ ထက်ပိုမို
နေထိုင်သူ မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြန်မာငြိမ်းချမ်းရေးစင်တာတွင် ဇွန် ၈ရက် က
ပြုလုပ်သည့် ရွေးကောက်ပွဲကော်မရှင်နှင့် မီဒီယာများတွေ့ဆုံရာ တွင်
ပြောခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကို က ``အတော်များများက
မရွေမပြောင်းဘဲ စီးပွားရေးသွားလာတဲ့နေရာမှာ မိမိ အိမ်ထောင်စု
ဇယားရှိတဲ့နေရာမှာပဲမဲပေးပိုင်ခွင့်ရှိတာဖြစ်တယ်။ မူလ အခွင့်အရေးဖြစ်တယ်။
သို့သော် တစ်ဖက်ကနည်းဥပဒေအရ ဘာခွင့်ပြုပေး ထားလည်း ဥပဒေအရပြောရရင်
မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ခေါ်ပါတယ်။ အဲ့ဒီလိုမျိုးပုဂ္ဂိုလ်တွေက
ရက်ပေါင်း ၁၈၀ ၊ခြောက်လ အထက်နေ ထိုင်တယ်ဆိုရင်သူကို
ပြောင်းလဲပိုင်ခွင့်ပေးထားပါတယ်။သူ့ရဲ့မူလ အခွင့်အရေးက သူဒေသမှာပဲဖြစ်တယ်။
မပြန်နိုင်တဲ့သူ ဆိုရင်တော့ ရောက် တဲ့နေရာ မှာပေးချင်လည်းရပါတယ်´´ဟု
ပြောသည်။
ယင်းကဲ့သို့ ၆လ အထက် နေထိုင်သူဖြစ်မှသာ မဲပေးပိုင်ခွင့်ရှိသူဖြစ်
ရမည်ဖြစ်ပြီး ယင်းတို့အနေဖြင့် မဲပေးခွင့် တောင်းခံရာတွင် ရွေးကောက်
ပွဲရက်ကြေငြာအပြီး ရွေးကောက်ပွဲရက်မတိုင်မီ ရက်ပေါင်း သုံးဆယ် (သို့) တစ်လ
အလိုမှသာ မဲပေးခွင့် ပုံစံ-၃(က) တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဦးဝင်းကိုက`` အခုချိန်မှာ မရဘူး။ ရွေးကောက်ပွဲကြေငြာပြီးမှာသာ ရမယ်။ သူသည်
ရွေးကောက်ပွဲဘယ်နေဆိုတာ သတ်မှတ်လိုက်ပြီ ဆိုတဲ့ အခါကျမှ သူဟာသူ
ဆုံးဖြတ်ကမယ်။ သူသည်မော်လမြိုင် ကလာတယ် ဆိုရင် မော်လမြိုင် မပြန်တော့ပဲ
ဒီမှာပဲပေးမယ် ဆိုရင် ရွေးကောက်ပွဲ ရက်မတိုင်မီ
ရက်ပေါင်းသုံးဆယ်/တစ်လကြိုတင်ပြီး ပုဒ်မ ၃(က) တင်ကမှာဖြစ်တယ်။ အဲ့အခါ
ဒီမှာမဲစာရင်းထည့်ပြီး ဟိုက မဲစာရင်းဖျက် မှာဖြစ်တယ်။ ဒီအတွက်သူသည်
ဒီမှာရှိတဲ့ ကိုယ်စားလှယ်ကို မဲပေးပိုင်ခွင့်ရှိမှာဖြစ်တယ်´´ဟု ပြောသည်။
သတင်း - စိုင်းဟန်
The Ladies News Journal