ကေအန်ယူထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ ညီလာခံတွင် အခန်း (၇) ခန်းပါ အပစ်ခတ်ရပ်စဲရေး
စာချုပ်မူကြမ်းတွင်ပါရှိသည့် စုစုပေါင်း အချက် ၃၀ ကျော်ကို ပြင်ဆင်ဖြည့်
စွက်လိုကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးမှ တင်ပြ ထားသည်ဟု
ဆွေးနွေးပွဲတက်ရောက်နေသည့် ကိုယ်စားလှယ် အချို့က ပြော သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လုပ်ငန်းကော် မတီဖြစ်ေ သာ
NCCT တို့အကြား သဘော တူညီ ထားခဲ့သည့် အပစ်ခတ်ရပ်စဲရေး
စာချုပ်ပါမူကြမ်းတွင် အချက်ပေါင်း ၁၀၀ ကျော်ပါရှိသည်ဟု သိရပြီး ယခုကျင်း
ပနေသည့် ညီလာခံမှာ အဆိုပါချုပ်မူကြမ်းအပေါ် တိုင်းရင်းသား လက်နက် ကိုင်
အဖွဲ့အသီသီးမှ သဘောဆန္ဒရယူရန် ကျင်းပနေခြင်း ဖြစ်သည်။
ယင်းသို့ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များများပြားနေ သဖြင့် ဆွေးနွေး
ပွဲမှုမှာ အကြိတ် အနယ်ဖြစ်ခဲ့ပြီး အချို့အချက်များမှာ ဆန္ဒမဲဖြင့်
ဆုံးဖြတ်နို င်ခြင်း မရှိသဖြင့် အစည်းအဝေးစည်းမျဉ်းအရ
ညီလာခံဦးဆောင်ကော်မတီမှ ဆုံးဖြတ်ပေးခဲ့ရကြောင်းလည်း ညီလာခံ တက်ရောက်နေသည့်
ကေအန်ယူ ကရင်အမျိုးသား အစည်းရုံးမှ အတွင်းရေးမှူး (၂) ဖဒိုမန်းမန်းက
ပြောသည်။
‘ ဥပမာ အစိုးရနဲ့ သဘောတူထားခဲ့တဲ့ ပင်လုံစိတ်ဓါတ်နဲ့ အညီ ဒီမို ကရေ စီအရေး ၊
ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုး သား တန်းတူရေးတို့အပေါ် အာ
မခံချက်အပြည့်ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်
ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်နှင့် အညီ
တည်ဆောက်သွားရန် ဆိုပါစို့ ဒီစာပိုဒ် တပိုဒ်လုံးကို ပြန်ကြည့်ရင်
နဂိုသဘောတူထားခဲ့တဲ့အထဲမှာက နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို
အခြေခံပြီးဆို တာက သိပ်မလေးနက်ဘူးလို့ ယူဆတဲ့ အဖွဲ့တွေကရှိနေတယ်။ အဲဒီတော့
ဖက်ဒရယ်ဒီမို ကရက် တစ်ပြည် ထောင်စုဆိုတာမျိုးထည့်ချင်တဲ့ သဘောဆန္ဒနဲ့
တင်တာတွေလည်းရှိတယ်။ အဲဒါကို ဆုံးဖြတ်တော့ ညီလာခံမှာ မဆုံးဖြတ်နိုင်တာနဲ့
စည်းမျဉ်းအရ ဦးဆောင်ကော်မတီက ဆုံးဖြတ်ခဲ့တာ ဖြစ်တယ် ‘ ဟု ဖဒိုမန်းမန်းက
ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။
ယင်းစာပိုဒ်အား နဂိုအတိုင်းထားရှိခဲ့မှုအပေါ် ဆွေးနွေးပွဲတက်ရောက်သည့်
အဖွဲ့အစည်းအားလုံး၏ သဘော တူညီချက်အရဟု အစည်းအဝေး မှတ် တမ်းတွင် ရေးသားခွင့်
မပြုခဲ့ပဲ ကေအန်ယူ ဥက္ကဌ မူတူးစေးဖိုး ဦးဆောင် သော ဦးဆောင်ကော်မတီ၏
ဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ထည့်သွင်းစေခဲ့ကြောင်းလည်း သိရသည်။
ဇွန်လ ၅ ရက်နေ့ အထိ ဆွေးနွေးမှုများအရ အခန်း ရ ခန်းပါ အပစ်အခတ် ရပ်စဲရေး
စာချုပ်မူကြမ်းကို အခန်း (၄) ခန်းသာ ပြီးစီးအောင်ဆွေးနွေးနိုင်ခဲ့ပြီး
အခန်းတိုင်းကို အကြိတ်အနယ်ဆွေးနွေးနေရကြောင်း ညီလာခံ တက် ရောက်နေသည့်
ကိုယ်စားလှယ် အချို့က ပြောသည်။
ယင်းညီလာခံတွင် မဟာမိတ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ အားလုံး
အပစ်ခတ်ရပ်စဲရာတွင် ပါဝင်နိုင်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးနေပြီး
ညီလာခံကို ဇွန်လ ၈ ရက်နေ့အထိ ရက်တိုးမြင့်ထားကြောင်းလည်း သိရသည်။
‘ ကျနော်က အားလုံးပါဝင်ရေးမူကိုလည်း လက်ခံတယ်။ ဒါပေမဲ့ တအားပြင်တာများပြီး
အခု ရွေးကောက် ပွဲ မတိုင်ခင် အပစ်ခတ်ရပ်စဲရေး မဖြစ်တော့မှာ နည်းနည်းတော့
စိုးရိမ်တယ်။ ဒီအတိုင်းဆို ပြင်မှာနဲ့ ထိပ်ဆွေးနွေး မှာနဲ့ ရှေ့လျှောက်ဆို
ရွေးကောက်ပွဲစည်းရုံးရေး ကာလက ရောက်တော့မှာနဲ့ စဉ်းစားစရာတွေ အများကြီးပဲ
အပစ်ရပ်ရေးနဲ့ ပဋိပက္ခတွေလျှော့ချရေးကလည်း မဖြစ်မနေလုပ်ရတော့မဲ့ ကိစ္စတွေ
ပါပဲ။ ခိုင်မာရေးကလည်း ခိုင်မာရေးပေါ့လေ။ ‘ ဟု ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်းမှ ငြိမ်းချမ်းရေးနှင့်
တိုင်းရင်း သားရေးရာ ဌာန တာဝန်ခံ ကိုမြအေးက လော်ခီးလာညီလာခံနှင့် ပတ်သက်၍
မှတ်ချက်ပြုပြောဆိုသည်။
သျှမ်းသံတော်ဆင့်
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago