Headlines News :
Home » , » ရွှေဈေး၊ ဒေါ်လာဈေး ထပ်တက်၊ မန္တလေးဈေးကွက်မဖွင့်နိုင်

ရွှေဈေး၊ ဒေါ်လာဈေး ထပ်တက်၊ မန္တလေးဈေးကွက်မဖွင့်နိုင်

Written By Live100 on Wednesday, June 10, 2015 | 5:34 PM



ရက်ပိုင်းအတွင်း တရှိန်ထိုးတက်လာတဲ့ ရွှေနဲ့ ဒေါ်လာဈေးဟာ ဒီနေ့မှာ ကျပ်  ၈ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။
မန္တလေးမှာတော့ ဒီနေ့ နေ့လယ်အထိ ဈေးကွက် မဖွင့်နိုင်သေးဘူးလို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ရန်ကုန်ဈေးက တက်နေတော့ ဒီမှာက အရောင်းအ၀ယ်မရှိဘူး” လို့ ပြောပါတယ်။ မနေ့ညနေကတော့ မန္တလေး ရွှေဈေးဟာ ၇၇၇၀၀၀ ကျပ်နဲ့ ဈေးကွက်ပိတ်ခဲ့တာပါ။
ရန်ကုန် ဈေးကွက်မှာတော့ ၇၈၄၀၀၀ နဲ့ ဈေးကွက်ဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ၈၀၀၅၀၀ ကျပ်အထိဖြစ်ပြီး ဈေးကွက်ပိတ်သွားပါတယ်။
ဒေါ်လာဈေးကတော့ Money Changer တွေမှာ ၀ယ်ဈေး ၁၁၁၂ ကျပ် နဲ့ ရောင်းဈေး ၁၁၁၄ ကျပ်ဖြစ်ပါတယ်။
“လာရောင်းမယ့်သူက မရှိသလောက်ပဲ။ အဲဒါကြောင့် ကျနော်တို့လည်း ပြန်ရောင်းပေးလို့ မရဘူး” လို့ ကမ္ဘောဇဘဏ်ရဲ့ မားကက်တင်း မန်နေဂျာ ဦးသက်ကိုကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။
ပြင်ပပေါက်ဈေးကတော့ ဒီနေ့မနက် ဈေးကွက်ဖွင့်ချိန်မှာ ၁၂၃၇ ကျပ်ဖြစ်ပြီး နေ့လယ်မှာတော့ ၁၂၉၀ ကျပ် အထိ တက်သွားပါတယ်။
ပိုင်စိုး(DVB)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template