Headlines News :
Home » » မြန်မာနဲ့ထိုင်း ဗိုလ်လုယှဉ်ပြိုင်မည်

မြန်မာနဲ့ထိုင်း ဗိုလ်လုယှဉ်ပြိုင်မည်

Written By လွင့်မောင်မောင် on Saturday, June 13, 2015 | 10:26 PM

myanmar-u23-foot-ball-620
အရှေ့တောင်အာရှ အားကစားပွဲတော်မှာ ဇွန်လ ၁၃ ရက်နေ့က ဗီယက်နမ်အသင်းနဲ့ယှဉ်ပြိုင်မည့် မြန်မာအသင်းကို တွေ့ရစဉ်
Photo:Myanmar Football Federation
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ (၂၈)ကြိမ်မြောက် ဆီးဂိမ်း (SEA Games) အရှေ့တောင်အာရှ အားကစား ပွဲတော်မှာ အသက် ၂၃ အောက် အမျိုးသားဘောလုံး အကြိုဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို တိုက်စစ်မှူး စည်သူအောင်နှင့် အသင်းခေါင်းဆောင် နေလင်းထွန်းတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မြန်မာဘောလုံးအသင်းဟာ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်နေပြီး၊ ဗီယက်နမ်အသင်းနဲ့ ကစားခဲ့သူတွေနဲ့ပဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ မြန်မာဘောလုံးအသင်းရဲ့ မန်နေဂျာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်က RFA ကို ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအသင်းတို့ ဒီနေ့ ယှဉ်ပြိုင်တဲ့ အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်းက အနိုင်ရရှိသွားတဲ့အတွက် နောက်ဆုံးဗိုလ်လုပွဲကို မြန်မာနဲ့ ထိုင်းအသင်းတို့ လာမယ့် ဇွန်လ ၁၅ ရက်၊ တနင်္လာနေ့မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
 RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template