Headlines News :
Home » » အခြေခံဥပဒေပြင်ရေး မူကြမ်းဆွေးနွေးဖို့ လွှတ်တော်အမတ်နှစ်ရာကျော် လက်မှတ်ထိုးတောင်းဆို

အခြေခံဥပဒေပြင်ရေး မူကြမ်းဆွေးနွေးဖို့ လွှတ်တော်အမတ်နှစ်ရာကျော် လက်မှတ်ထိုးတောင်းဆို

Written By Live100 on Tuesday, June 9, 2015 | 9:57 PM


နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ၂ဝ၁၄ ခုနှစ် မေလ ၂၇ ရက်နေ့ကကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်လက်မှတ်ရေးထိုးစဉ် Photo: Myo Thant Khaing/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြဆွေးနွေးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၂၀၀ကျော်က လက်မှတ်ရေးထိုး တောင်းဆို လိုက်ပါတယ်။

ပုဒ်မ ၄၃၆ အပါအ၀င် အရေးကြီးတဲ့ပုဒ်မတွေကို ပြင်ဆင်ဖို့အတွက် လက်မှတ်ရေးထိုးတောင်းဆိုလိုက်တာလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောပါတယ်။

ဒီမှာဆွေးနွေးကြတယ် ဘာတွေပြင်မှာလဲဆိုတဲ့ ၄၃၆(က)၊ ၄၃၆(ခ) လောလောဆယ်တော့ နိုင်ငံတော်အတွက် အရေးကြီးတဲ့အချက်တွေ ပြင်ရမှာဖြစ်ပါတယ်၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်ရွေးတာတွေ စသဖြင့် ဒါတွေအားလုံးပါမှာဖြစ်ပါတယ်

  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၀ ရာခိုင်နှုန်းက ဖွဲ့စည်းပုံပြင်ဆင်တဲ့မူကြမ်းနဲ့အတူ ဆွေးနွေးပေးဖို့တင်ပြရင် လက်ခံဆွေးနွေးရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ မှာ ပြဌာန်းထားတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေအရ တင်ပြတောင်းဆိုကြတာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးရာမှာ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLDပါတီကိုယ်စားလှယ် ၄၃ ဦးလည်း ပါဝင်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template