Headlines News :
Home » » ကမ္ဘောဒီးယားနှင့်ပွဲ ကစားသမား ၆ ဦးအထိ အပြောင်းအလဲလုပ်

ကမ္ဘောဒီးယားနှင့်ပွဲ ကစားသမား ၆ ဦးအထိ အပြောင်းအလဲလုပ်

Written By Live100 on Wednesday, June 10, 2015 | 5:44 PM




ဒီနေ့ည ဆီးဂိမ်းဘောလုံးပွဲ အုပ်စုနောက်ဆုံးပွဲကစားမယ့် မြန်မာယူ ၂၃ အသင်းမှာ ကစားသမား ၆ ယောက်အထိ အပြောင်းအလဲ လုပ်ထားတယ်လို့ ဘောလုံးအသင်း၊ ပြန်ကြားရေးအရာရှိ ဦးဇော်မင်းထိုက်က ပြောပါတယ်။
ဒီည ကမ္ဘောဒီးယားနဲ့ ကန်မယ့်ပွဲမှာ အရင်ကန်ခဲ့တဲ့ ၃ ပွဲနဲ့မတူ ကစားသမားအပြောင်းအလဲ လုပ်ထားတာဖြစ်ပြီး ပထမဦးစားပေး ကစားသမားတွေ ဆီမီးဖိုင်နယ်ပွဲအတွက် အနားပေးလိုတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အဓိကကတော့ ဆီမီးဖိုင်နယ်အတွက် အနားပေးတာ၊ ဆီမီးဖိုင်နယ်မှာ ပိုပြီးလန်းဆန်းစေချင်တယ်၊ နောက်ပြီးတော့ ပွဲထွက်ခွင့် မရတဲ့ ကစားသမားတွေလည်း ပွဲထွက်ခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူ အပြာင်းအလဲ လုပ်တာပါ။”D
ဂိုး၊ နောက်တန်း ၁ ယောက်၊ အလယ်တန်း ၃ ယောက်နဲ့ ရှေတန်း ၁ ယောက် အပြောင်းအလဲ လုပ်ထားတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အဖြူရောင်ဝတ်စုံဝတ်ဆင်ပြီး ကမ္ဘောဒီးယား ယူ၂၃ အသင်းနဲ့ မြန်မာ စံတော်ချိန် (၇း၀၀) နာရီ ဂျလန်ဘီဆာ ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
တစ်ဖက် အုပ်စုမှ ထိုင်းနှင့်ဗီယက်နမ် အသင်းတို့လည်း တစ်ချိန်တည်း ကစားကြမှာဖြစ်ပါတယ်။
မြန်မာအသင်း ပွဲထွက်မည့် လူစာရင်းမှာ ဂိုး- အောင်ဝေဖြိုး၊ နောက်တန်း- ကျော်ဇင်လွင်၊ ရဲဝင်းအောင်၊ ဖြိုးကိုကိုသိန်း၊ သိန်းနိုင်ဦး၊ အလယ်တန်း- အောင်ကျော်နိုင်၊ အောင်ရှိုးသာမောင်၊ ရဲကိုဦး၊ ဇွန်မိုးအောင်၊ ရှေ့တန်း – ရှိုင်းသူရ၊ သီဟဇော် တို့ ဖြစ်ပါတယ်။
မြန်မာယူ၂၃အသင်းဟာ အုပ်စုတွင်းပွဲတွေမှာ ၃ ပွဲကစား ၃ ပွဲအနိုင်ရထားပြီး ရမှတ် ၉ မှတ်နဲ့ ဆီမီးဖိုင်နယ်တက်ဖို့ သေချာနေတဲ့အသင်း ဖြစ်ပါတယ်။
ရွှေအောင်  DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template