Headlines News :
Home » » လူ ၁၂ ဦး နေနိုင်သည့် ရွေ့လျား ဗုံးခိုကျင်း

လူ ၁၂ ဦး နေနိုင်သည့် ရွေ့လျား ဗုံးခိုကျင်း

Written By Live100 on Sunday, June 7, 2015 | 10:24 PM









လူတချို့အမြဲလိုလို အသင့်ပြင်ထားချင်တဲ့ကိစ္စဟာ ခုဆိုရင် ဖြစ်လာနိုင်ပါပြီ။ ထိတ်လန့်ဖွယ်ရာ အကောင်းဆုံးအခြေအနေတွေနဲ့ ကြုံလာရင်တောင် ရွေ့လျားဗုံးခိုကျင်းတွေ ဆောင်ထားချင်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ခုဆိုရင် ဒီဗုံးခိုကျင်းတွေကို စမ်းသပ်အောင်မြင်ထားပြီးဖြစ်တယ်လို့ အက်စတိုးနီးယန်းကုမ္ပဏီဖြစ်တဲ့ တယ်ရာမစ်လ်မှ ပီတာကာ့ဆီက ဆိုပါတယ်။
“ကျနော်တို့က ၈၁ မမ မော်တာ၊ ဟောင်ဝစ်ဇာ၊ အကြီးဆုံးဆိုတဲ့ ၁၅၅ မမ မော်တာ စတဲ့ လက်နက်အမျိုးမျိုးနဲ့ ဒီဗုံးခိုကျင်းတွေကို စမ်းသပ်ပြီးပါပြီ။ ခုဆိုရင် မြင်ရတဲ့အတိုင်းပဲ ထိခိုက်ပျက်စီးမှု မရှိတာကို တွေ့ရမှာပါ။ ဒီထက်ပိုပြီးတောင့်တင်းအောင် ဒီကျင်းရဲ့အပေါ်နဲ့ ဘေးဘက်တွေမှာ အပိုးတွေ ထပ်ထည့်ထားပါတယ်။ ကျင်းထဲမှာ ခိုလှုံနေသူတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ ဖိအား၊ တုန်ခါမှု၊ အသံ စတာတွေ ကို တိုင်းဖို့ စက်တွေလည်း အထဲမှာ တပ်ဆင်ပေးထားပါတယ်။ ထပ်လောင်းပြီးပြောရရင် ခုထိ စမ်းသပ်ပြီးသမျှ ကျနော်တို့ရဲ့ ဗုံးခိုကျင်းမှာ ဘာထိခိုက်မှုမှ မရှိပါဘူး။”
ကျင်းထဲမှာတော့ လူ ၁၂ ယောက်အိပ်နိုင်လောက်အောင် ကျယ်ဝန်းပါတယ်။ မီးစက်၊ ရေခဲသေတ္တာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေထည့်နိုင်အောင် ကျင်းရဲ့ဖွဲ့စည်ပုံကို ပြောင်းလဲနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဗုံးခိုကျင်းရဲ့ အစိတ်အပိုင်းအများစုကို ပလစ်စတစ်နဲ့ တည်ဆောက်တာမို့ ပေါ့ပါးပြီး သယ်ယူရလွယ်ပါတယ်။ သူ့ကို တူးထည့်ဖို့ မြေတူးစက်ပဲ လိုအပ်ပါတယ်။ ဒါဟာ နည်းပညာနဲ့ သဘာဝ ကို ပေါင်းစပ်ထားတာမို့ သိပ်ကိုထိရောက်တယ်လို့ ကာ့ဆီ က ဆိုပါတယ်။
ခုဆိုရင် တယ်ရာမစ်လ် ကုမ္ပဏီက သယ်ရလွယ်တဲ့ ဗုံးခိုကျင်းတွေကို ဒီနှစ်ကစပြီး ရောင်းချနေပါပြီ။ ကမ္ဘာတ၀ှမ်းလုံးမှာ စိတ်ဝင်စားကြတဲ့ ဖောက်သည်တွေကို တွေ့နေရတယ်လို့ ဆိုပါတယ်။
“စစ်မက်ထူပြောတဲ့ဒေသတွေ ဒါမှမဟုတ် စစ်မက်အန္တရာယ်ရှိလာနိုင်တဲ့ ဒေသတွေမှာ လူတွေကို ကာကွယ်ဖို့နဲ့ ပုန်းခိုဖို့ ဒီဗုံးခိုကျင်းကို သုံးနေကြပြီ။”
လူ ၁၂ ယောက်အတွက် အိပ်စင်တွေ ပြင်ရရင်ကိုပဲ ကုန်ကျစရိတ်က မသေးလှပါဘူး။ ဒါကြောင့် ခုလို ပြင်ဆင်ထားတဲ့ ဗုံးခိုကျင်းတခုကို အမေရိကန်ဒေါ်လာ ၂ သောင်း ကျသင့်မှာဖြစ်ပါတယ်။
D VB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template