Headlines News :
Home » , » ထားဝယ်တိုင်းရင်းသားများပါတီ၏ ရေဖြူမြို့နယ်ရုံးဖွင့်ပွဲ နှင့် မြို့နယ်အလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းခြင်း

ထားဝယ်တိုင်းရင်းသားများပါတီ၏ ရေဖြူမြို့နယ်ရုံးဖွင့်ပွဲ နှင့် မြို့နယ်အလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းခြင်း

Written By လွင့်မောင်မောင် on Thursday, June 11, 2015 | 11:51 PM






ထားဝယ် -ဇွန်၁၁

ထားဝယ်တိုင်းရင်းသားများပါတီ၏ ရေဖြူမြို့နယ်ရုံးကို ရေဖြူမြို့နယ် ရလိုင်ကျေးရွာတွင်
ယနေ့ ဇွန်လ၁၁ရက် နံနက် ၉နာရီ တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရုံးဖွင့်ပွဲသို့ ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်ကမှုဆောင်ဥက္ကဋ္ဌ ဦးအေးမင်း ၊ အထွေထွေအတွင်းရေးမှုး ဒေါ်နွယ်နီသိန်း ၊
ဗဟိုစည်းရုံးရေးမှူး ဦးလေးလွင် ၊ဗဟိုတွဲဘက်စည်းရုံးရေးမှူး ဦးစိုးသိန်း၊ဘဏ္ဍာရေးမှူး ဦးညွှန့်ရွှေ နှင့် ရေဖြူမြို့နယ် ရှိကျေးရွာများမှ ပြည်သူလူထု၂၀၀ခန့်
တက်ရောက်ခဲ့သည်။

အခမ်းအနားစတင်ပြီး ဥက္ကဋ္ဌဦးအေးမင်း မှ အဖွင့် အမှာစကားပြောကြားရာတွင် ပါတီတည်ထောင်ရခြင်းအကြောင်းအရင်း နှင့် ပါတီ၏ရည်ရွယ်ချက်
များရှင်းလင်းပြောကြားသည်။ မိမိဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့ကိုယ်တိုင်ပါဝင်ပတ်သက်လုပ်ဆောင်မှသာ ခရီးအမြန်ရောက်နိုင်မှာဖြစ်ကြောင်း
နှင့် ကျေးလက်နေအောက်ခြေပြည်သူလူထုများနိုင်ငံရေးနယ်ပယ်အတွင်း
ထိထိရောက်ရောက်ပါဝင်ပတ်သက် လုပ်ကိုင်နိုင်ဖို့ ထားဝယ်တိုင်းရင်းသားများပါတီကိုတည်ထောင်ထားခြင်းဖြစ်ကြောင်းပြောကြားသွားပါသည်။

ပြီးနောက် ဆက်လက်၍ အထွေတွေအတွင်းရေးမှူး ဒေါ်နွယ်နီသိန်း ၊ ဦးစိုးသိန်း နှင့် ဦးလေးလွင်တို့က ပါတီ၏လုပ်ဆောင်ချက်များ ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးပြောကြားကြပါသည်။

ပြီးနောက် ကြွရောက်လာကြသောဒေသခံပြည်သူလူထုမှ ထားဝယ်တိုင်းရင်းသားများပါတီ ရေဖြူမြို့နယ်အလုပ်အမှုဆောင်ကော်မတီကို
ရွေးချယ်တင်မြှောက်ကြသည်။

ထားဝယ်တိုင်းရင်းသားများပါတီ ရေဖြူမြို့နယ်အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် ဦးကျော်အောင်(ဧကနိကျေးရွာ) ကိုရွေးချယ်တင်မြှောက်လိုက်ကြောင်းသတင်းရရှိသည်။






Lwintmgmg Daily News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template