Headlines News :
Home » » အီဂျစ်ဘောလုံးကွင်းတွင် သောင်းကျန်းခဲ့သည့် ပရိသတ်များ သေဒဏ်ချမှတ်ခံရ

အီဂျစ်ဘောလုံးကွင်းတွင် သောင်းကျန်းခဲ့သည့် ပရိသတ်များ သေဒဏ်ချမှတ်ခံရ

Written By Live100 on Thursday, June 11, 2015 | 7:40 PM


ဓာတ်ပုံ - ရိုက်တာ

၂၀၁၂ ခုနှစ်က ပို့ဆက်ဒ် ဘောလုံးကွင်းမှာ ပရိသတ်တွေ သောင်းကျန်းခဲ့မှုကြောင့်  လူ ၇၀ ကျော်သေဆုံးခဲ့ရတဲ့ အမှုအတွက် အီဂျစ်တရားရုံးက ပြစ်မှုကျူးလွန်တဲ့ ပရိသတ် ၁၁ ဦးကို သေဒဏ်ချမှတ်လိုက်ပါတယ်။

အခြား ၁၄ ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁၅ ဦးကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပြီး ကျန် ၂၁ ဦးကိုတော့ အပြစ်မရှိကြောင်း တွေ့ရှိရလို့ တရားသေ လွှတ်ပေးလိုက်ပါတယ်။

ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချခံရသူတွေထဲမှာ ပို့ဆက်ဒ်ဘောလုံးကွင်း လုံခြုံရေး အကြီးအကဲဟောင်းလည်း ပါဝင်ပါတယ်။

ပရိသတ် သောင်းကျန်းမှု အဆိုးဝါးဆုံးအဖြစ် အီဂျစ်ဘောလုံးသမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့တဲ့ အဲ့ဒီအဖြစ်အပျက်မှာ လူ ၇၀ ကျော်သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ရုပ်သံထုတ်လွှင့်မှုတွေနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းစစ်ဆေးခဲ့ပြီး တရားရုံးက အခုလို ပြစ်ဒဏ်တွေ ချခဲ့တာဖြစ်ပါတယ်။

 By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template