Headlines News :
Home » , » ၀ တပ်ဖွဲ့ နှင့် အစိုးရတပ်မတော် စစ်ရေးတင်းမာမှု သတ္တမရက် ဆက်လက်ဖြစ်ပွားနေ

ဝ တပ်ဖွဲ့ နှင့် အစိုးရတပ်မတော် စစ်ရေးတင်းမာမှု သတ္တမရက် ဆက်လက်ဖြစ်ပွားနေ

Written By Live100 on Monday, June 8, 2015 | 10:57 PM


ဓါတ်ပုံ- မိုင်းတုံနှင့် ပုံပါကျင်ကြားကတွေ့ရသော ၀ တပ်ဖွဲ့မိသားစု
ဂျွန် ၈ ရက်နေ့ ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း သစ်ထုတ်လုပ်မှုပြဿနာေ ကြာင့် UWSA ၀တပ်ဖွဲ့ နှင့် အစိုးရတပ် တို့ အကြား စစ်ရေးဆက်လက် တင်းမာနေပြီး ဒေသအတွင်း ခရီးသွားကားများအား တားမြစ်စစ်ဆေးနေ သည်ဟု ခရီးသွားများ ကပြောသည်။

၂၀၁၅ ဂျွန် ၈ ရက် ယနေ့ နံနက်ပိုင်း၌ မိုင်းတုံမြို့ - ပုံပါကျင် - ဘီပီဝမ်း - ထိုင်းနယ်စပ်သို့ သွားလာသည့် ဒေသအတွင်း ခရီးသွားကားများအား လှုပ်ရှား သည့်စစ်ကြောင်းများ၊ လမ်း ကင်းများက တားမြစ်စစ်ဆေးနေသည်ဟု ဆိုသည်။ ထို့အပြင် အင်အားသုံးရာခန့်ရှိသည့် ၀ စစ်သည်များကလည်း နမ့်ယွန်း - ပုံပါကျင်မှ တဆင့် ဟွေ့အော့ (တောင်ပိုင်း ၀ တပ်ဖွဲ့ ဌာနချုပ်) ဘက် ဦးတည်သွားနေသည်ဟု ပုံပါကျင်ဒေသခံများကလည်းပြောသည်။

“ဒီမနက်မှာဘဲ ၁၅ စီးထက်မနည်းဘူး။ တားမြစ်စစ်ဆေးခံရတယ်။ ဒီမိုင်းတုံ ပုံပါကျင် လမ်း က ၀ စစ်ဆေးတယ်။ အဓိက ကတော့ လက်နက်ကိုင်တဲ့ သူပါမပါ။ သေနတ်ကို အဓိကထား စစ်ဆေးတယ်။ အစိုးရတပ်ကတော့ တာချီလိတ်၊ မိုင်ဆတ် မိုင်းတုံ မြို့ သွားလာတဲ့ကားတွေ ကို စစ်ဆေးတယ်” - ခရီးသွား စိုင်းစိန္နကပြောသည်။

နှစ်ဘက်စစ်ရေးတင်းမာနေသည့်အနေအထားကြောင့် ၀ တပ်ဖွဲ့အရာရှိ မိသားစုအချို့ ထိုင်းနယ်စပ်အနီးသို့ တိမ်းရှောင်နေသည်ဟုလည်း ကြားသိရသည်။

UWSA နှင့် အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုကြောင့် ထိုင်း - သျှမ်းနယ်စပ် တလျှောက် သျှမ်းပြည်တပ်မတော်ကလည်း စစ်ရေးပြင်ဆင် မှုပြုနေကြောင်း ကြားသိရ သော်လည်း သျှမ်းပြည်တပ်မတော်ပြောရေး ဆိုခွင့်က ပုံမှန် စစ်ရေးလှုပ်ရှားခြင်းသာ ဖြစ်ကြောင်း ဤကဲ့သို့ပြောသည်။

“UWSA နဲ့ အစိုးရတပ်မတော် ကြား စစ်ရေးတင်းမာနေတာ ကျနော်တို့လဲ ကြားသိရပါ တယ်။ ဒီအခြေအနေကြောင့် ကျနော်တို့စစ်ရေးပြင်ဆင်နေ တယ်ဆိုတာမရှိပါဘူး။ ပုံမှန် လှုပ်ရှားသွားလာနေတာ တပ်တွေပါဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

လက်ရှိအနေအထားရ မိုင်းတုံမြို့နယ် မိုင်းခေတ်ကြိုးဝိုင်းသစ်တော အတွင်း ၀ တပ်ဖွဲ့မှ သစ်ထုတ် လုပ်မှုကြောင့် ၀ လူမျိုးမဟုတ်သည့် တရုတ် ၆ ဦးအား အစိုးရတပ်မတော်ဘက်မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အဆိုပါဖမ်းဆီးခံရ သည့် သူများနှင့်သစ်များအား ပြန်ပေး ရန် ၀ တပ်ဖွဲ့က တောင်းရာမှ ပြဿနာ အစ ဖြစ်ကြောင်း သိရသည်။

သို့သော် ၎င်းတို့သည် တရုတ်လူမျိုးဟုတ် မဟုတ်ကိုတော့ ၀ တပ်ဖွဲ့မှ အတည်ပြုချက်မပေးပေ။

ယခု စစ်ရေးတင်းမာနေမှုသည် မြန်မာအစိုးရတပ်မတော် နှင့် ၀ တပ်ဖွဲ့ အကြား စစ်ရေး တင်းမာမှုသည် ယခု ၂၀၁၅ အတွင်း ပထမဆုံးအကြိမ်ဖြစ်၏။

၂၀၁၄ နှစ်နှောင်းပိုင်းက နယ်စပ်ကင်းစခန်းပြဿနာ၊ ရာဘာခြံပြဿနာက ရှိခဲ့ဖူးသော်လည်း မြန်မာတပ်အရာရှိထံ ငွေပေးပြီးဖြေရှင်းနိုင်ခဲ့သည်။

“ နိုင်ငံရေးပြဿနာကြောင့် ၀ တပ်ဖွဲ့ကို အားစမ်းချင်တယ်ဆိုရင်တော့ မကြာ ခင် တိုက်ပွဲ တကယ်ဖြစ် ပွားနိုင်တယ်။ ဒါမှမဟုတ် သာမာန် သစ်ပြဿနာပဲ ဆိုရင်တော့ နှစ်ဘက် ဂုဏ်သိက္ခာ ကိုထိမ်းသိမ်းထားချင် တယ် ဆိုရင်တော့ ၀ တပ်ဖွဲ့ကနေ ဗမာအာဏာပိုင်ကို ငွေပေးလိုက်ရင် အရင်တုန်းကလိုဘဲ ပြီးသွားနိုင်တယ် ပြဿနာက” - ဟု အမည်မဖေါ် လို သည့် ၀ လူထု အကြီးအကဲတဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ကိုးကန့်ဒေသစစ်ရေးပဋိပက္ခတွင် ဝ တပ်ဖွဲ့ ပါဝင်ပတ်သက်မှုရှိနေသည်ဟု မြန်မာအစိုးရက စွပ်စွဲပြောဆိုဖူး သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်ကလဲ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး ကိုလက်မခံသည့် ၀ တပ်ဖွဲ့အား ဖိအား ပေးသည့်အနေဖြင့် ထိုင်းနယ်စပ် တလျှောက်ရှိ ၀တပ်များ မြောက်ပိုင်း ဝ နယ်သို့ တပ်ရုပ် ပြန်ရန်ဖိအားပေးခဲ့ဖူး သည်။

သို့သော် ဝ တပ်ဖွဲ့မှာမူ တောင်ပိုင်း ၀ တပ်ဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေ အပါအဝင် ထိုင်း နယ်စပ် တောင်ပိုင်းဝ နယ်ပါ စုစည်း၍ သျှမ်းပြည်နယ်မှ ခွဲထွက်ကာ နေပြည်တော် တိုက် ရိုက် လက်အောက်ခံ သီးခြား ၀ ပြည်နယ် ထူထောင်ရန်ဆန္ဒပြင်းပြနေသည်။

အနာဂတ် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း ဦးဆောင်ဦးရွက်ပြုလိုသည်ဟု မေလဆန်းပိုင်း ပန်ဆန်းညီလာခံတွင် ဆန္ဒပြုခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template