ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို သူ့ဆွေမျိုးတွေထံ လွှဲပြောင်းပေးလို့ ဇွန် ၆ ရက်နေ့က နိုင်ငံတောင်ပိုင်း ဒီကာပြည်နယ်ကနေ ဘက္ကဒက်မြို့ကို သယ်ဆောင်လာပါတယ်။
သူအာဏာရှိစဉ် ဘာသာရေးပြစ်ဒဏ်စီရင်မှုတွေနဲ့ သူ့ကိုသေဒဏ်ချမှတ်ခဲ့ပေမယ့် တကယ်ပြစ်ဒဏ်စီရင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
၂၀၀၃ ခုနှစ် ဘက္ကဒက်မြို့ကျချိန်မှာ အမေရိကန်တပ်ဖွဲ့တွေဆီ လက်နက်ချအဖမ်းခံခဲ့ပါတယ်။
သူဟာ နှလုံးရောဂါနဲ့ ဆေးရုံမှာ သေဆုံးတယ်လို ဒေသခံဆေးရုံအာဏာပိုင်တွေက ဆိုပါတယ်။
သူထောင်ကျခံနေရချိန်မှာ ကျန်းမာရေးမကောင်းလို့ ပြန်လွှတ်ပေးဖို့ သူ့ မိသားစုဝင်တွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။
သူ့ကို နိုင်ငံမြောက်ပိုင်းက မွန်ဆိုလ်မြို့အနီးမှာ မွေးဖွားခဲ့တာပါ။ ၁၉၅၀ နှစ်တွေကတည်း ဆဒမ်ဟူစိန်နဲ့ ရင်းနှီးခဲ့သူဖြစ်ပြီး အနီးကပ်အကြံပေးလည်း ဖြစ်ခဲ့ပါတယ်။
အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး ခရစ်ယာန်ဘာသာဝင်တဦးလည်း ဖြစ်ပါတယ်။
DVB