Headlines News :
Home » » တပြည်လုံးအပစ်ရပ်စာချုပ် ပြင်ဆင်ရန် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

တပြည်လုံးအပစ်ရပ်စာချုပ် ပြင်ဆင်ရန် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

Written By Live100 on Monday, June 8, 2015 | 11:09 PM

11270713_10205304847953185_5286841027383228496_oတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ လော်ခီးလာထိပ်သီးဆွေးဆွေးနွေးပွဲမှာ တပြည်လုံးအပစ်ရပ်စာချုပ် (မူကြမ်း) ထဲက ပြင်ဆင်ဖြည့်စွက်ရမယ့် အချက်တွေကို ညှိနှိုင်းဖို့ အတွက် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းပါတယ်။
အန်စီစီတီအဖွဲ့ဝင်၊ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက “အန်စီအေထဲမှာ ပြင်ဆင်ဖြည့်စွက်ချက်တွေကို ဆက်လက်ညှိနှိုင်းဖို့အတွက် ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်။ နိုင်ငံတော်အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဖို့ပေါ့”လို့ ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တနှစ်ခွဲခန့်ကြာ ပူးတွဲညှိနှိုင်းရေးဆွဲအတည်ပြုထားတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (မူကြမ်း)ကို အသေးစိတ် ဆွေးနွေးကြပြီး အချက် ၁၅ ချက်ကို ပြင်ဆင်ဖြည့်စွက်ဖို့ ဇွန် ၇ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ကြတာပါ။
ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံးက နော်စီဖိုးရာစိန် တာဝန်ယူမှာဖြစ်ပြီး ၊ ကချင်လွတ်လပ်ရေးအဖွဲ့က ဒေါက်တာ လားဂျာက ဒုခေါင်းဆောင် ၁ ၊ ချင်းအမျိုးသားတပ်ဦးက ပူးဇင်ကျုံးက ဒုခေါင်းဆောင် ၂ အဖြစ် အသီးသီးတာဝန်ယူကြမှာပါ။
အဖွဲ့ဝင်တွေကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ မွန်ပြည်သစ်ပါတီဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ ပအို့ဝ်လွတ်မြောက်ရေးတပ်ဦးက နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရခိုင်လွတ်မြောက်ရေးပါတီ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဒုက္ကဋ္ဌ ဦးမျိုးဝင်း၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်မြင့်ထွန်း စသူတွေ ပါဝင်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ တအာင်း ပလောင်တပ်ဖွဲ့က တဦးလည်း ပါဝင်ပါတယ်။
ဒီကနေ့အစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးပြီး မပြီးပြတ်တာကြောင့် နောက်နေ့ မနက်ဆက်ဆွေးနွေးကြမှာဖြစ်ပါတယ်။
တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ဇွန်လ ၂ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဇွန်လ ၇ ရက်နေ့မှာတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့ အခါ ကိုးကန့်၊ ရခိုင်နဲ့ တအာင်းပလောင် တပ်ဖွဲ့တွေပါ ပါဝင်လက်မှတ်ရေးထိုးမှသာ လက်မှတ်ထိုးကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template