
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၆ ရက်နေ့က မွန်ပြည်နယ်
မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
ပြည်တွင်း ပြည်ပမှာ ထင်ရှားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် တရုတ်ပြည် ငါးရက် ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုတွေကို မြှင့်တင်ပေးလိမ့်မယ် လို့မျှော်လင့်ကြောင်း တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လည်ပတ်ဖို့ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
၂ဝ၁ဝ ပြည့်နှစ်ကစလို့ တရုတ်နဲ့ မြန်မာကြား မြစ်ဆုံရေလှောင်တမံနဲ့ ကြေးနီစိမံကိန်းတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် စိတ်အနှောက်အယှက် ဖြစ်စရာတွေကြုံခဲ့ရပေမဲ့ ၊ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားတာဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေးတိုးမြှင့်လိုတဲ့ ဘယ်နိုင်ငံရေး ပါတီကိုမဆို တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ထိတွေ့ဆက်ဆံ ဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ နှစ်နိုင်ငံကြားက အထူးတလည် ချည်နှောင်ထားတဲ့ ဆက်ဆံမှု အတိုင်းအတာကို သဘောပေါက်မှာဖြစ်ကြောင်း၊ တရုတ်နဲ့ မြန်မာဟာမတည့်လို့ အတူမနေနိုင်ပဲ ကွာရှင်းပြတ်စဲ ကြတဲ့ ဇနီးမောင်နှံလို မဟုတ်ပဲ နှစ်နိုင်ငံလုံး အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့အတွက် အပြောင်းအလဲဖြစ်စရာ မရှိကြောင်းလည်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
RFA Burmese