ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့မှာ မြန်မာကျပ်ငွေ သိန်းပေါင်း ၂သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ဒီကနေ့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဇွန် ၁ဝ ရက်မနက်က တပ်မတော်၊ ရဲနဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ရှောင်တခင် စစ်ဆေးရာမှာ မူကွာကျိုင်း ကျေးရွာအဝင် လမ်းမှာ ဦးမုံကြုံဖူး (၄၂)နှစ်ထံက ရေသန့်ဘူးနဲ့ ထည့်ထားတဲ့ ကျပ် ၃ သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူမှုန့် ၁၅ ဂရမ်ခန့်ဖမ်းမိပြီး ရွှေဆင်မြို့သစ်မှာ ဆက်ရှာဖွေရာမှာ လမ်ထောင့် အမှိုက်ပုံအနီး အမှိုက်ထုပ်အတွင်းမှ တန်ဖိုးကျပ် ၄၅ သိန်း ၉ သောင်းခန့်ရှိ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၃ဝ၆ဝ ပြား သိမ်းဆည်းရ မိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – myawady
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သတင်းမှာဖော်ပြပါတယ်။ ကိုးကန့် ဒေသမှာ စစ်ပွဲတွေ ရပ်ဆိုင်း သွားပြီးနောက် ခုလို မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့ သတင်းထွက်ပေါ် လာတာလည်းဖြစ်ပါတယ်။
DVB