Headlines News :
Home » » တနင်္သာရီတိုင်းတွင် အလင်းရောင်အတွက် ရေနံဆီမီးကို တတိယ အများဆုံးသုံး

တနင်္သာရီတိုင်းတွင် အလင်းရောင်အတွက် ရေနံဆီမီးကို တတိယ အများဆုံးသုံး

Written By Live100 on Sunday, June 7, 2015 | 9:57 PM


|Dawei Watch| ထားဝယ်၊ ဇွန် ၇
ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ အခြေစိုက် လုပ်ကိုင်နေပြီး ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက်များရှိသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အလင်းရောင်အတွက် ရေနံဆီမီးကို တတိယအများဆုံး အသုံးပြုနေကြောင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပင်မ ရလဒ်အစီရင်ခံစာအရ သိရသည်။
တိုင်းအတွင်း မီးအလင်းရောင်အတွက် ပုဂ္ဂလိက မီးစက်ဖြင့်အသုံးပြုသည့် အိမ်ထောင်စုအရေအတွက်မှာ အများဆုံးဖြစ်ပြီး ဒုတိယအသုံးများဆုံးမှာ ဖယောင်းတိုင်မီးဖြစ်ကြောင်း အထက်ပါအစီရင်ခံစာအရ သိရသည်။
တိုင်းဒေသကြီးအတွင်း အိမ်ထောင်စု စုစုပေါင်း နှစ်သိန်းရှစ်သောင်းကျော်တွင် ရေနံဆီမီးအသုံးပြုသည့်အိမ်ထောင်စု ငါးသောင်းကျော်ရှိကြောင်း ယင်းအစီရင်ခံစာတွင်ဖော်ပြသည်။
ပြည်လုံးကျွန်သန်းခေါင်စာရင်းပင်မရလဒ်အရ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအနိမ့်ဆုံးဒေသမှာ တနင်္သာရီတိုင်းဒေသကြီးဖြစ်ပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီးအသုံးပြုမှု၏ ၈ ရာခိုင်နှုန်းသာရှိကြောင်း သန်းခေါင်စာရင်းရလဒ် ထုတ်ပြန်ခြင်း အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

အလင်းရောင်အတွက် အဓိကအသုံးပြုသည့် မီးအမျိုးအစားအလိုက် အိမ်ထောင်စုအရေအတွက်

စုစုပေါင်းအိမ်ထောင်စု
လျှပ်စစ်မီး
ရေနံဆီမီး
ဖယောင်းတိုင်မီး
ဘက်ထရီမီး
မီးစက်
(ပုဂ္ဂလိက)
ရေအားလျှပ်စစ်
(ပုဂ္ဂလိက)
နေရောင်ခြည်စွမ်းအင်သုံး
(ဆိုလာပြား)
အခြား
ထားဝယ်ခရိုင်
၁၀၄၀၉၂
၄၆၅၇
၁၈၇၉၈
၁၉၃၄၉
၈၆၆
၅၄၁၈၁
၈၂၅
၄၁၂၃
၁၂၉၃
မြိတ်ခရိုင်
၁၃၂၉၁၉
၁၅၅၁၁
၂၈၈၇၂
၃၁၄၄၈
၇၁၇
၅၂၄၂၅
၁၀၃၉
၂၂၆၉
၆၃၈
ကော့သောင်းခရိုင်
၄၆၀၈၈
၂၅၈၆
၂၆၀၄
၁၁၂၈၀
၆၁၂
၂၇၂၁၈
၃၇၆
၈၇၉
၅၃၃
တနင်္သာရီတိုင်း
၂၈၃၀၉၉
၂၂၇၅၄
၅၀၂၇၄
၆၂၀၇၇
၂၁၉၅
၁၃၃၈၂၄
၂၂၄၀
၇၂၇၁
၂၄၆၄
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template