Headlines News :
Home » » ကျောက်ဖြူတွင် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကျင်းပ

ကျောက်ဖြူတွင် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကျင်းပ

Written By လွင့်မောင်မောင် on Saturday, June 13, 2015 | 9:34 PM

SAM_3756
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီတွင် ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကို  ဇွန်လ၁၂ရက်နေ့က
 မူလာရာမဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပြည်နယ်လွှတ်တော်အမှတ်(၁)မဲဆန္ဒနယ်မြေတွင် လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်နှင့် ဦးရန်မျိုးအောင် တို့ ယှဉ်ပြိုင်ခဲ့ရာ ဦးကျော်လွင်က ၉၁မဲ၊ ဦးရန်မျိုးအောင်က ၂၉မဲ၊ ပယ်မဲ ၅မဲဖြင့် ဦးကျော်လွင်က အနိုင်ရသွားသည်။
ပြည်သူ့လွှတ်တော်တွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဦးဘရှိန်၊ ဦးသိန်းဇော်၊ ဒေါ်ခင်လှမြိုင်တို့ သုံးဦး ယှဉ်ပြိုင်ကြရာ ဦးဘရှိန် ၃၈မဲ၊ ဦးသိန်းဇော် ၃၁မဲ၊ ဒေါ်ခင်လှမြိုင် ၁၂မဲ၊ ပယ်မဲ၂မဲဖြင့် ဦးဘရှိန် အနိုင် ရသွားသည်။
အမျိုးသားလွှတ်တော်တွင်  လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်၊ ဦးကျော်သန်း၊ ဦးအောင်သန်း၊ ဦးအေးစံတို့ ယှဉ်ပြိုင်ခဲ့ရာ ဦးအုန်းတင် ၇မဲ၊ ဦးကျော်သန်း ၅၄မဲ၊ ဦးအောင်သန်း ၃၅မဲ၊ ဦးအေးစံ ၁၁မဲဖြင့်  ဦးကျော်သန်း အနိုင်ရသွားသည်။ အမျိုးသားလွှတ်တော်မဲသည် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင် နှစ်ခုပေါင်း  ရေတွက်ထားသောမဲဖြစ်သည်။
SAM_3717
ပြည်နယ်လွှတ်တော်အမှတ်(၂)မဲဆန္ဒနယ်မြေတွင် ပြသနာအခက်အခဲများရှိနေ၍ ယာယီဆိုင်းငံ့ထားခဲ့သည်။ ၎င်းနယ်မြေတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဖေ၊ ဦးထွန်းလွင် နှင့် ဦးဖိုးစံ တို့ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ ပြည်နယ်လွှတ်တော်အမှတ်(၂)မဲဆန္ဒနယ်မြေတွင် ဗဟိုမှချမှတ်ထားတဲ့အတိုင်း ကျေးရွာတိုင်းမဲပေးခွင့်ရရန်ဒေသခံများကတောင်းဆိုထားသည်။
ကျေးရွာအများအပြား မဲကိုယ်စားလှယ်စာရင်းလာတင်ကြရာ  ဗဟိုကချမှတ်တဲ့မူနဲမကိုက်ညီဟုဆိုကာ  မြို့နယ်ကြီးကြပ်ရေးက ကျေးရွာအများအပြားပယ်ချလိုက်သောကြောင့် ပြသနာဖြစ်၍ အခြား ပြသနာတွေလည်း ရှိနေသောကြောင့် ယာယီဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။
 “ ကျနော်တို့ရဲ့ ရခိုင်အမျိုးသားပါတီမှာ ပါတီတွင်းလွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးထားတယ်။ ပါတီတွင်းမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ခွင့် ပေးထားခြင်းဖြစ်တယ်” ဟု ဗဟိုကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးဖိုးမင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template