Headlines News :
Home » » လူကုန်ကူးမှုနှင့်ဆက်စပ်သူ ထိုင်း ဒု-ဗိုလ်ချုပ်ကြီးထံမှ ပိုင်ဆိုင်မှုများ သိမ်းဆည်း

လူကုန်ကူးမှုနှင့်ဆက်စပ်သူ ထိုင်း ဒု-ဗိုလ်ချုပ်ကြီးထံမှ ပိုင်ဆိုင်မှုများ သိမ်းဆည်း

Written By Live100 on Friday, June 12, 2015 | 4:06 PM



ပြီးခဲ့တဲ့ မေလအတွင်း ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်မှာ ရိုဟင်ဂျာအလောင်း အများအပြား တွေ့အပြီး လူကုန်ကူးမှုနဲ့ ဆက်စပ်သူတွေအပေါ် နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုတခုအဖြစ် သူတို့ရဲ့ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁၀၉ သန်းကို သိမ်းဆည်းလိုက်တယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီ ဘတ် ၁၀၉ သန်းမှာ လူကုန်ကူးမှုကို တိုက်ရိုက်ကျူးလွန်သူ၊ အားပေးကူညီသူ၊ ဆက်နွယ်သူတွေ ပိုင်ဆိုင်ကြတဲ့ မော်တော်ကား၊ အဆောက်အဦ၊ ဟိုတယ်၊ စက်လှေနဲ့ ဘဏ်ငွေစုစာအုပ် စသဖြင့် အမျိုးအစားပေါင်း ၂၅၈ မျိုး ပါဝင်တယ်လို့ ထိုင်းနိုင်ငံ ငွေကြေးခ၀ါချမှု ကာကွယ်နှိမ်နင်းရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ရဲမှူးကြီး ဆီဟနတ် ပယွန်းရတ်က ဇွန် ၁၁ ရက်မှာ ရှင်းလင်းပြောကြားပါတယ်။
လူကုန်ကူးမှုမှာ အရေးပါတဲ့ တရားခံတဦးဖြစ်တဲ့ ထိုင်းတပ်မတော် အတိုင်ပင်ခံ ဒု-ဗိုလ်ချုပ်ကြီး မာနတ့် ခုန်ပိုင့်ရဲ့ ဘဏ်ငွေစုစာအုပ်မှ ငွေအမြောက်အမြား ၀င်လာပြီး တခြားသူတွေကို ပြန်လွှဲပေးတဲ့ အထောက်အထားတွေအရ ဘတ်ငွေ ၄ သန်းကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ ငွေလွှဲမှုမှာ ဆက်စပ်နေသူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
ဒု-ဗိုလ်ချုပ်ကြီးရဲ့ နေအိမ်၊ ခြံမြေ စတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရာထူးရှိပြီးမှ ရလာခြင်း ဟုတ် မဟုတ် ပြန်လည်စစ်ဆေးမယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာလူကုန်ကူးမှု စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ စစ်တိုင်းဒေသအမှတ် ၈ ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ပရ၀င်းဖုန်းဆီရင်းကလည်း လူကုန်ကူးခံရသူ ၃၃ ဦးနဲ့ အခြားမျက်မြင်သက်သေ ထိုင်းလူမျိုးတဦးတို့ကို နားထ၀ီးခရိုင် အကျဉ်းထောင်ကို ခေါ်လာပြီး လူကုန်ကူးသူတွေ ပါ၊ မပါ  လက်ညှိုးထိုးပြစေတဲ့အခါ ၁၇ ယောက်ကို ညွှန်ပြခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
စစ်တိုင်းဒေသအမှတ် ၉ ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ပုတ်ထိချတ် ဧကချန်းကလည်း ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားသူ ၈၉ ယောက်အနက် ၅၅ ယောက်ကို ဖမ်းမိထားပြီး ကျန်သူတွေ လွတ်နေဆဲပဲလို့ ဆိုပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေကို လမ်းပြခေါ်ဆောင်လာမှု၊ လူကုန်ကူးသူတွေလက်ထဲ အပ်နှံမှုနဲ့ ပတ်သက်ပြီး နောက်ထပ် လူ ၂ ဦးဖြစ်တဲ့ အသက် ၃၀ အရွယ်ရှိ အပ္ပဒူလာဆင်း (မြန်မာနိုင်ငံသား) နဲ့ အသက် ၂၆ နှစ်ရှိ ဟာဇောလ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံသား) နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
လူကုန်ကူးခံရတဲ့ထဲက ပျောက်ဆုံးနေတယ်ဆိုတဲ့ ရိုဟင်ဂျာ ၆ ဦးအနက် ၅ ဦးကိုလည်း  ရတ်တဖုမ်းမြို့နယ် ကမ်ဖိုင်ဖစ်ကျေးရွာအုပ်စုထဲမှာ ပြန်တွေ့ရှိကြောင်း၊ သူတို့ဟာ တတိယနိုင်ငံသွားဖို့အတွက် လူကုန်ကူးသူတွေနဲ့ လိုက်ခဲ့ရာ တောထဲမှာ ပစ်ထားခံရပြီး ရွာကိုမတွေ့ခင် တောထဲမှာ ၄ ရက်ကြာ လမ်းပျောက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ကယ်ဆယ်ရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာပေါင်း ၁၀၀ ကျော်ရှိပြီး သူတို့တွေ နောက်ထပ်ထွက်မပြေးနိုင်အောင် လုံခြုံရေးကို အထူးကြပ်မတ်ထားတယ်လို့ အမှတ် ၉  ဒု-တိုင်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template