Headlines News :
Home » , » UWSA နှင့် အစိုးရတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တို့ ထိပ်တိုက်မှုဖြစ်ပွား - တပ်မတော် နှင့် စစ်ရေးပြန်လည်တင်းမာ

UWSA နှင့် အစိုးရတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တို့ ထိပ်တိုက်မှုဖြစ်ပွား - တပ်မတော် နှင့် စစ်ရေးပြန်လည်တင်းမာ

Written By Live100 on Friday, June 12, 2015 | 11:02 PM

 
ဓါတ်ပုံ- ၁၂ ရက်ညနေပိုင်းက ပုံပါကျင်မြို့အဝင် တပ်ဖြန့်ထားသော ၀ တပ်သားတချို့ ဂျွန် ၁၂ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အနောက်တောင်ဘက် ဟွေ့အော့ကျေး ရွာအုပ်စု အတွင်း အခြေချ နေထိုင်သည့် UWSA ၀ တပ်ဖွဲ့ နှင့် နယ်ခြားစောင့် တပ် (လားဟူ ပြည်သူ့စစ်အဖွဲ့) တို့ ခံတုတ်ကျင်း တည်ဆောက်ရာတွင် အငြင်းပွားပြီး နှစ်ဘက်ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

ဂျွန် ၁၁ ရက်ညနေပိုင်းက မိုင်းတုံမြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးမှမိုင်းကျွတ် အသွားလမ်းတွင် လွယ်ခီလိတ်တောင်ခြေ လားဟူရွာသစ်တွင် ၀ တပ်ဖွဲ့မှ ရောက်ရှိ လာကာ ခံတုတ်ကျင်း၊ ဘန်ကာကျင်းများ ဆောက်လုပ်ခဲ့မှုကြောင့် အဆိုပါ နေရာဒေသရှိ အမှတ် ၁၀၀၇ နယ်ခြား စောင့်တပ် အမည်ရ လားဟူပြည်သူ့စစ် နှင့် အငြင်းပွားရာမှ မြေနီတောင်တွင် နှစ်ဘက် ထိပ်တိုက်မှုဖြစ်ပွား ခဲ့သည်ဟု နားကောင်းမူး ရပ်မိရပ်ဖ ပြောသည်။

“အဲဒီနေရာမှ ဗမာတပ်ဘက်က သစ်တုံး သစ်လုံးကြီးတွေနဲ့ နားကောင်းမူး မိုင်းကျွတ်လမ်းမှာ သွား လာမရအောင်အရင်လာ ပိတ်ထားတယ်။ ကျနော်တို့လုပ်ထားတဲ့လမ်းဘဲ။ ပေးမသွားရင် ဘာထူးမှာလဲ ကျနော်တို့ လဲ ခံတုတ်ကျင်း ပြန်တူးလိုက်တယ်။ သူတို့ နဲ့ မျက်နှာချင်းဆိုင်မှာ ပြန်လုပ် ထားဖို့ပါ။ အဲဒါကို ဒီနယ်ခြားစောင့်တပ်နဲ့ မပြေလည်လို့ ဖြစ်သွားတာ။ တိုက်ပွဲရယ် လို့တော့မဟုတ်ဘူး၊ မတော်တဆပါ။အခုလည်း နှစ်ဘက်တပ် တင်းမာနေတယ် ” ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိတဦးက ပြောသည်။

နားကောင်းမူး မိုင်းကျွတ် လမ်းမ တောင်ဘက်ခြမ်းတွင် ၀ တပ်ဖွဲ့ကနေထိုင်ပြီး၊ ကားလမ်း မြောက်ဘက်ခြမ်းတွင် အစိုးရတပ်မတော် လက်အောက်ခံ အမှတ် ၁၀၀၇ နယ်ခြားစောင့် တပ်က အခြေချနေထိုင် သည်။ သို့သော် ၀ တပ်ဖွဲ့သည် ယခုတိုင် အစိုးရတပ်မတော်နှင့် ထိပ်တိုက်မှုမရှိသေးဟု မိုင်းတုံဒေသခံများကပြောသည်။

နယ်ခြားစောင့်တပ်နှင့် ၀ တပ်ဖွဲ့မပြေလည်သည့် ပြဿနာကြောင့် မိုင်းဟန်ကျေးရွာမှ တောင် ဘက်ခြမ်း၊ ပုံပါကျင်မြို့ ပတ်ဝန်းကျင်၊ ဘီပီဝမ်း အထိ ၀ တပ်ဖွဲ့က အင်အားဖြည့် ဖြန့်ကျက် ထားကြောင်း၊ ထို့အတူ မြန်မာ့တပ်မတော်ကလည်း ယခုတိုင် မိုင်းတုံမြို့မှ မိုင်းဟန် အနီးအနား ထိ အင်အားဖြည့် လာနေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဂျွန်လ ၁၂ ရက် ယခုညနေပိုင်းတွင် မိုင်းတုံနှင့်ပုံပါကျင်ကြားဒေ သခံများအား အိမ်ပြင်မထွက်ကြရန် အမိန့်ထုတ်ထားကြောင်း တိုက်ပွဲကြီးကျယ်ဆက်ဖြစ်သွားမည်ကို ဒေသခံများ အထူးစိုးရိမ်နေကြောင်း ဆိုပါသည်။

မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် စိုင်းဝင်းမြတ်ဦးက-

“ဒေသခံလူထု ခရီးသွားခွင့်မပြုတော့ဘူး။ ကျနော့် အိမ်က ကားတစီးတောင် မိုင်းဟန်ကနေ မိုင်းတုံမြို့ ကို ပြန်လှည့်ခိုင်းတယ်။ ညကတည်းက။ ၀ တပ်ကော မြန်မာ့ တပ်မတော်ကော သွားလာခွင့် မပြုတော့ ဘူး။ တိုက်ပွဲ ဖြစ်ရင် ဒေသခံလူထုဘဲ နစ်နာတယ်။ အခုက ကြက် သွန်ဖြူ ထုတ်ရောင်းတဲ့အချိန်လေ။ ဒါပေမယ့် အခုဖြစ် တာက ဝ အဖွဲ့နဲ့ဖြစ်တဲ့ အတွက် ဒေသခံတွေကခံသာပါသေးတယ်။ RCSS နဲ့ ဆိုရင်တော့ မချောင်ဘူး ကားလမ်းပိတ်တာ တွေကလဲ ရက်ပိုင်းဘဲဆိုရင်တော့မထောင်းသာ ပါဘူး။ ရေရှည်ဆိုရင်တော့ ကုန်စည်စီးဆင်းမှု ထိခိုက်နိုင်ပါ တယ်။ ဒေသခံ အများစုရဲ့ အဓိကစီပွါးကကြက်သွန် ဘဲရှိတယ်လေ” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ယခု ဖြစ်ပွားနေသည့်ပြဿနာသည် လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် အကြောင်း ရင်းနှင့် ဆက်နွယ် ကြောင်း၊ အစိုးရ ဘက်မှ ဖမ်းထားသည့် ၀ တပ်ဖွဲ့ ပိုင်သစ်များအား ၀ ဘက်က အလျှော့ပေးလိုက် သော်လည်း ရောင်းထုတ် ခွင့်ပါပစ်အား ၀ တပ်ဖွဲ့ကို ပြန်မပေးကြောင်း၊ ထို့အတူ ဖမ်းခံထားရသည့် ၀ တပ်ဖွဲ့ဝင် တရုတ်လူမျိုး ၆ ဦးလည်း အစိုးရဘက်မှ လွတ်ပေးခြင်းမရှိ သဖြင့် နှစ်ဘက်တင်းမာနေခြင်းဖြစ်ကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template