မလေးရှားရဲ့ အမြင့်ဆုံး တောင်ဖြစ်တဲ့ ကီနာဘူလူ တောင်ပေါ်ဒေသမှာ ဇွန် ၅
ရက်နေ့က ပြင်းအား ၆ ရှိတဲ့ ငလျင်လှုပ်ပြီးနောက် မြေပြိုမှုအတွင်း
တောင်တက်သမား ၈ ယောက် ပျောက်ဆုံးနေတဲ့အတွက် ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်းကို
ဇွန် ၆ ရက်နေ့က စေလွှတ်ထားပါတယ်။
ဘော်နီယို ကျွန်းပေါ်က တောင်ပေါ်ဒေသမှာ ငလျင်လှုပ်ပြီးနောက် ပိတ်နေတဲ့
တောင်တက်သမား ၁၃၇ ယောက်လုံးကို ဘေးကင်းရာ ပို့ဆောင်ပေးလိုက်ပြီလို့ ပြည်နယ်
ခရီးသွားဝန်ကြီးက ဇွန် ၆ ရက်နေ့မှာ ပြောပါတယ်။
ပိတ်မိနေတဲ့ တောင်တက်သမားတွေထဲမှာ မလေးရှား ၁၁၇ ယောက်၊ စင်ကာပူ ၃၈
ယောက်၊ အမေရိကန် ၅ ယောက်၊ ဒတ်ခ်ျ ၄ ယောက်၊ ဗြိတိန် ၃ ယောက်၊ ပြင်သစ် ၂
ယောက်၊ သြစတြေလျ ၂ ယောက် ပါဝင်ပါတယ်။
ဘယ်လဂျီယန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကာဇက်စတန်၊ အိန္ဒိယ၊ နယူးဇီလန်၊
တောင်ကိုရီးယား၊ ဒိန်းမတ်၊ တရုတ်နိုင်ငံတို့က ကမ္ဘာ့လှည့်ခရီးသွားတွေလည်း
ပါဝင်တယ်လို့ ပြောပါတယ်။
သေဆုံးသူ ၁၁ ယောက်ထဲမှာ အသက် ၁၂ နှစ်အရွယ် စင်ကာပူ ကျောင်းသူတယောက်နဲ့
နယ်ခံ လမ်းပြတယောက်တို့ကို အတည်ပြုနိုင်ပြီး ကျန်သူတွေကတော့
ဘယ်သူဘယ်ဝါဆိုတာ စိစစ်ဆဲဖြစ်ပါတယ်။
DVB