Headlines News :
Home » » အိုင်အက်စ် နှိမ်နင်းရေး အီရတ်စစ်သားများကို သင်တန်းပေးရန် ကန်စစ်သား ၄၅၀ ထပ်မံစေလွှတ်

အိုင်အက်စ် နှိမ်နင်းရေး အီရတ်စစ်သားများကို သင်တန်းပေးရန် ကန်စစ်သား ၄၅၀ ထပ်မံစေလွှတ်

Written By Live100 on Thursday, June 11, 2015 | 7:34 PM

ဓာတ်ပုံ - ရိုက်တာ
အိုင်အက်စ် အစွန်းရောက်တွေကို နှိမ်နင်းနေတဲ့ အီရတ်တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းပေးဖို့ နောက်ထပ် အမေရိကန်တပ်ဖွဲ့ဝင် ၄၅၀ စေလွှတ်ရေး သမ္မတက အတည်ပြုလိုက်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရက ဇွန် ၁၀ ရက်မှာ ပြောဆိုပါတယ်။
လတ်တလော တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ အန်ဘာပြည်နယ်မှာပါ စစ်သင်တန်း အခြေစိုက်စခန်းသစ် ဖွင့်လှစ်ဖို့လည်း သမ္မတရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။
သမ္မတ အိုဘားမားက လက်ရှိ အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့
ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
အမေရိကန်အစိုးရမှာ တိကျတဲ့ မဟာဗျူဟာ မရှိသေးဘူးလို့ ပြီးခဲ့တဲ့တပတ်က ပြောဆိုခဲ့တာပါ။
အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မွန်ဆိုးလ်မြို့ အိုင်အက်စ်တပ်ဖွဲ့တွေလက်ထဲ ကျရောက်ခဲ့တာ အခုဆို တနှစ်ပြည့်မြောက်ခဲ့ပါပြီ။
အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်လာခဲ့ပေမယ့် အိုင်အက်စ်တပ်ဖွဲ့တွေက အင်အားကျမသွားတဲ့အပြင် အီရတ်နိုင်ငံ အနောက်ပိုင်းက အန်ဘာပြည်နယ်မြို့တော် ရာမာဒီနဲ့ တခြားနယ်မြေတွေကိုပါ ပြီးခဲ့တဲ့လက ဆက်ပြီး သိမ်းပိုက်ခဲ့ပါတယ်။
ရာမာဒီမြို့ ကျသွားတာဟာ အီရတ်တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းပေးရေး လိုအပ်ချက်တွေ ရှိနေသေးလို့ဆိုပြီး အမေရိကန် အရာရှိကြီးတွေက သုံးသပ်နေကြတာပါ။
လက်ရှိအချိန်အထိ သမ္မတ အိုဘားမားရဲ့ အီရတ်နိုင်ငံ စစ်ရေးဗျူဟာက အခြေခံ အပြောင်းအလဲ မရှိဘူးလို့ ဂျေရုစလင်မြို့ကို ရောက်ရှိခဲ့တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး မာတင်ဒမ်ဆေးက ပြောခဲ့ပါတယ်။
ဒါပေမယ့် အီရတ်တပ်ဖွဲ့တွေကို လေ့ကျင့်သင်တန်းပေးရေးနဲ့ စစ်လက်နက် တပ်ဆင်ရေးကို ပိုပြီး အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ကလည်း အလေးအနက်ထား ပြောဆိုထားပါတယ်။
လောလောဆယ် အီရတ်နိုင်ငံမှာ အမေရိကန် စစ်သင်တန်းပေးရေး တပ်ဖွဲ့ဝင်နဲ့ လုံခြုံရေးအကြံပေး တပ်ဖွဲ့ဝင် အားလုံး ၃ ထောင်လောက် ရှိပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template