Headlines News :
Home » » ထိုင်းနန်းတွင်းအာဏာပိုင်တဦး ဖမ်းဆီးခံရ

ထိုင်းနန်းတွင်းအာဏာပိုင်တဦး ဖမ်းဆီးခံရ

Written By Live100 on Friday, June 12, 2015 | 4:16 PM



ထိုင်း အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန် (Maha Vajiralongkorn) နဲ့ ကွာရှင်းခဲ့တဲ့ အရင် ထိုင်းမင်းသမီး ဆရီရာစမီ (Srirasmi) ထံမှာ အမှုထမ်းခဲ့တဲ့ အဆင့်မြင့် နန်းတွင်းအာဏာပိုင်တဦး ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မြို့တော် ဘန်ကောက်မှာ ဖမ်းဆီးခံရပါတယ်။
အသက် ၅၃ နှစ်အရွယ် နန်းတွင်းအရာရှိ မွန်ထရီ ဆိုတောင်ကာရ် (Montri Sotangkur) ကို အခုလိုဖမ်းဆီးမှုဟာ နန်းတွင်းအမှုထမ်း၊ အရာထမ်းတွေကို အထူးဂရုပြု ရွေးချယ်ခန့်အပ်တဲ့ ထိုင်းနိုင်ငံမှာ ဖြစ်ခဲတဲ့ ဖြစ်ရပ်တခုပါ။
ချမ်းသာကြွယ်ဝတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၂ ဦးကို မွန်ထရီက နန်းတော်နဲ့ နီးစပ်မှုနဲ့ အခွင့်အရေး ပေးခဲ့မှု၊ အဲဒါတွေနဲ့ဆက်စပ်ပြီး လာဘ်လာဘ ရယူခဲ့မှုတွေနဲ့လည်း စွဲချက်တင်ခံထားရပါတယ်။
တကယ်လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်တယ်လို့ ဘန်ကောက်မြို့တော် ရဲမှူးကြီးက သတင်းထောက်တွေကို ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အိမ်ရှေ့မင်းသားရဲ့ ကြင်ယာဖြစ်ခဲ့တဲ့ မင်းသမီး ဆရီရာစမီရဲ့ မိသားစုဝင်တွေ တသီကြီး အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ကြရပါတယ်။
အခုလည်း မွန်ထရီကို တခြားအဂတိလိုက်စားမှုတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်း စစ်ဆေးဦးမယ်လို့ ထိုင်းရဲချုပ်က ပြောပါတယ်။
လက်ရှိ ထိုင်းစစ်အစိုးရဟာ တော်ဝင်နန်းတော်နဲ့ ဘုရင်အသိုင်းအ၀ိုင်းအပေါ် ပြစ်တင် စော်ကားမှုတွေကို အထူးအလေးထား ကိုင်တွယ်နေပြီး တော်ဝင်နန်းတော်နဲ့ တော်ဝင်မိသားစုကို တိုက်ခိုက်ပုတ်ခတ် စော်ကားသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လက်ရှိဝန်ကြီးချုပ် ချန်အိုချာက အလေးထားပြောဆိုထားပါတယ်။
သက်တော် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီး ဘူမီဘောရဲ့ ကျန်းမာရေး အခြေအနေအပေါ် ထိုင်းပြည်သူအများ စိုးရိမ်ပူပန်နေကြချိန်၊ နောက် ထီးနန်းအလွှဲအပြောင်း မသေချာမရေမရာ ဖြစ်နေချိန်မှာ အခုနောက်ဆုံး နန်းတွင်းနဲ့ ပတ်သက်သူတဦး ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။
ီDVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template