Headlines News :
Home » » မောင်တောသို့ ရောက်ရှိနေသော လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး စစ်တွေတွင် ဆန္ဒပြမည်

မောင်တောသို့ ရောက်ရှိနေသော လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး စစ်တွေတွင် ဆန္ဒပြမည်

Written By လွင့်မောင်မောင် on Sunday, June 7, 2015 | 12:08 PM

ဆန္ဒပြရန် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်  မောင်တောမြို့နယ်သို့ ရောက်ရှိနေသော ဘင်္ဂလီ ၉၀၀ ကျော်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဇွန်လ ၁၄ ရက်နေ့တွင် ဆန္ဒပြ ကန့်ကွက်သွားမည်ဟု သတင်း ရရှိသည်။
ဇွန်လ ၆ ရက်နေ့က စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတွင် ပြုလုပ်သော စစ်တွေမြို့ပေါ်ရှိ အဖွဲ့အစည်း အသီးသီးပါဝင်သည့် အစည်းအဝေးမှ ယင်းသို့ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
မေလ ၂၁ ရက်နေ့က ရခိုင်ပင်လယ်ပြင်မှ ကယ်ဆယ်ခဲ့သော ဘင်္ဂလီ ၂၀၀ ဦးပါဝင်သည့် ရေမျောကမ်းတင် လှေစီပြေးကိစ္စကို ဘင်္ဂလားဒေ့ခ်ျသို့ ပို့ဆောင်မှု မလုပ်ရသေးမီ နောက်ထပ် ၇၀၀ ကျော်ကို မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းတွင် မြန်မာရေတပ်က ထပ်မံကယ်ဆယ်ခဲ့သည်။
အဆိုပါ ၇၀၀ ကျော်ကို ဟိုင်းကြီးကျွန်းတွင် ခေတ္တထားခဲ့ပြီး၊ ဇွန်လ ၃ ရက်နေ့တွင် ဟိုင်းကြီးကျွန်းမှ ကညင်ချောင်း၊ ထိုမှတဆင့် တောင်ပြိုလက်ဝဲသို့ ပြောင်းလဲနေရာချထားပေးထားသည်ဟု သိရသည်။
ပထမဆုံး ကယ်ဆယ်ခဲ့သူ ဘင်္ဂလီ ၂၀၀ ဦးကို ဘင်္ဂလားဒေ့ခ်ျသို့ ဇွန်လ ၇ ရက်နေ့တွင် ပို့ရန် စီစဉ်ထားသော်လည်း မသေချာသေးဟု သိရသည်။
“ယခင်ဖမ်းဆီးထားခဲ့တဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၀၀ ယောက်ကို ဘင်္ဂလားဒေ့ခ်ျသို့ လွှဲပေးမယ်ဆိုပေမယ့် ဒီအစဉ်အစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်က ပြုလုပ်တာမဟုတ်ဘဲ နှစ်ဘက်နယ်ခြားတပ်တွေက သဘောတူညီမှုနဲ့ လွှဲပေးမယ်လို့ သိရတယ်။ ဒါပေမယ့် လက်ခံယူမယ့် ဘင်္ဂလားဒေ့ခ်ျဘက်က နယ်ခြား စောင့်တွေဟာ မြန်မာဘက်နဲ့ နီးစပ်တဲ့နေရာမှာ တစ်ယောက်မှ မရှိတော့ဘူးလို့ သိရတယ်”ဟု
စစ်တွေမြို့ မြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ဘင်္ဂလီ ၂၀၀ ကို UNHCR က စစ်ဆေးစဉ် ဦးသန်းထွန်းကိုယ်တိုင် ရှိနေပြီး၊ ၂၀၀ ထဲတွင် အသက် ၁၄ နှစ်နှင့်အောက် ၁၄ ဦးပါဝင်ပြီး၊ သူတို့သည် အရောင်းစားခံရကြောင်း၊ လှေငယ်တစ်စီးက သူတို့ကို သယ်ယူစဉ် ဘင်္ဂလားရေတပ်က သူတို့ကို လက်ခံမည့် လှေကြီးရှိရာသို့မောင်းထုတ်ကြောင်း၊ ကလေးတစ်ဦးကို တာကာ ၁၀၀၀၀ ရသည်ဟု အဆိုပါ ကလေးများက ပြောသည်ဟု
ဆရာဦးသန်းထွန်းက အစည်းအဝေးတွင် ရှင်းပြသည်။
“ရေမျောကမ်းတင် လှေစီးပြေးတွေကို မြန်မာ့ပင်လယ်ပြင်မှာတွေ့တယ်ဆိုတာကလည်း သွေးရိုးသားရိုး မဟုတ်ဘူး။ မြန်မာ့ရေတပ်က သူတို့ကို မကယ်တင်မီကတည်းက UNHCR က ကား ၇ စီးဟာ မောင်တောသို့ ထူးထူးဆန်းဆန်း ရောက်ရှိလာတယ်။ ဘင်္ဂလီ ၂၀၀ ဦးက သူတို့တွေဟာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံကပါလို့ ၀န်ခံထားတာကိုတောင် AZG အဖွဲ့ကလူတွေက သူတို့ဟာ အစတုန်းက မြန်မာနိုင်ငံကပါ၊ ပြီးမှ
ဘင်္ဂလားဒေ့ခ်ျကို ရောက်သွားတာပါလို့ လုပ်နေသေးတယ်။ ဒါဟာ လုံးဝမရိုးသားဘူး”ဟု ဆရာဦးသန်းထွန်းက အစည်းအဝေးတွင် သုံးသပ်ပြောကြားသည်။
ဇွန်လ ၃ ရက်နေ့က မောင်တောသို့ ရေမျောကမ်းတင် လှေစီးပြေးနောက်ထပ် ၇၀၀ ကျော် မောင်တောသို့ ရောက်ရှိလာပြီး ဇွန်လာ ၄ ရက်နေ့တွင် နိုင်ငံသား စိစစ်မှုပြုလုပ်ခဲ့ရာ ၇၃၃ ဦးထဲတွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၅၄၆ ဦး၊ဖြစ်ပြီး၊ ကျန် ၁၈၇ ဦးသည် မြန်မာနိုင်ငံမှ ဘင်္ဂလီများဖြစ်သည်ဟု ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“အယင်ကယ်တင်ခဲ့တဲ့ လူတွေက ရခိုင်ပြည်နယ်ရေပိုင်နက်ထဲမှာ ဖမ်းမိတယ်ဆိုတော့ ရခိုင်ပြည်နယ်ထဲမှာ ထားတယ်ဆိုတာ သဘာဝကျပါသေးတယ်။ နောက်ထပ် ဖမ်းမိတဲ့ လူ ၇၀၀ ကျော်ဟာ ရခိုင်ပြည်နယ် နယ်ပိုင်နက်ထဲမှာ ဖမ်းဆီးမိတာမဟုတ်ပဲနဲ့ ရခိုင်ပြည်နယ်ကို ပို့တယ်ဆိုတာ တရားလွန်လွမ်းတယ်။ လုံးဝ လက်မခံနိုင်ဘူး”ဟု အစည်းအဝေးတက်ရောက်သူ တစ်ဦးက ဆွေးနွေးသည်။
အစည်းအဝေးတွင် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ဆန္ဒပြပွဲကို ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ပြုလုပ်နိုင်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်းလည်း သိရသည်။
“ရခိုင်တွေအချင်းချင်း ညီညွတ်မှုမရှိကြပေမယ့် ဒီလိုအရေးကြုံလာရင် အကုန်လုံးဝိုင်းဝန်းပြီး လုပ်ကြရမယ်။ ဆုံးဖြတ်ထားတဲ့ လမ်းကြောင်းအတိုင်း ကြိုးစားလုပ်ဆောင်ကြရမယ်”ဟု အစည်းအဝေးတွင် သဘာပတိ အဖြစ်ဆောင်ရွက်သူ ပန်းဝါကျောင်းတိုက် ဦးစီးပဒါန နာယက ဆရာတော်က မိန့်ကြားခဲ့သည်။
အစည်းအဝေးကို ၁ နာရီကျော်တွင် စတင်ပြီး၊ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ အစည်းအဝေးသို့ စစ်တွေမြို့ပေါ်ရှိ အဖွဲ့အစည်း အသီးသီးမှ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
ရေမျောကမ်းတင် လှေစီးပြေးကိစ္စနှင့်ပတ်သက်၍ ပုသိမ်မြို့တွင် ဇွန်လ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြောင်း သိရသည်။

စံမောင်သန်း (နိရဉ္စရာ )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template